Intro- 3

847 69 2
                                    

နိဒါန်း အပိုင်း (၃)

ချင်းမိသားစုမှ ညီအစ်မများကို ချုံယွဲ့သို့ ခေါ်ဆောင်သွားမည့် စစ်သားများက ပျက်စီးနေသော ဘုရားကျောင်း၏ ပင်မခန်းမဆောင်တွင် အနားယူနေကြသည်။ ရုတ်တရက် တဖွဲဖွဲကျလာသော မိုးရေများကို သူတို့ မြင်လိုက်ရသည်။ ပျက်ဆီးယိမ်းယိုင်နေသော ဘုရားကျောင်း၏ ခေါင်မိုးကို အပိုင်းပိုင်း ခွဲပြီး ဖြိုချလိုက်သည်။

  စစ်သားတစ်ယောက်က တွန့်ဆုတ်သွားပြီး လည်ပင်းကို ဆန့်တန်းလိုက်သည်။ ခုမှ နွေဦးပေါက်ဖြစ်ပြီး နွေဦးရာသီမှာ ဒီလိုမိုးသည်းထန်စွာရွာတာကို သူ့တစ်သက်မှာ တစ်ခါမှ မမြင်ဖူးပါဘူး!

သူ ချင်းမိသားစုမှ မိန်းခလေးများရှိရာ ဘေးဘက်ခန်းမကို ပေါ့ပေါ့ဆဆ ကြည့်လိုက်မိတော့ ဒီမြင်ကွင်းက သူ့ဘဝကို တစ်ဝက်လောက် သေစေနိုင်တဲ့အထိ ကြောက်လန့်သွားစေခဲ့သည်။ အဖြူရောင်လင်းလက် နေတဲ့ လျှပ်စီးရဲ့အလင်းရောင်အောက်မှာ ဖြောင့်တန်းနေတဲ့ အရိပ်သုံးခုက လေထဲမှာ တွဲလောင်းကျနေပြီး သူတို့ရဲ့ အဝတ်အစားတွေက လွင့်ပျံနေသည်။

 စစ်သားငယ်လေးက ထူးဆန်းသော အော်ဟစ်သံနှင့်အတူ လီရှ၏ရှေ့သို့ လဲကျသွားပြီး "တစ္ဆေ... သရဲတစ္ဆေတွေရှိတယ်"

  "ဘာလဲ?!" လီရှက လန့်ဖျပ်သွားပြီး ရှောင်ပမ်းကြည့်နေသည့်နေရာကို လိုက်ကြည့်လိုက်သည်။ ယိမ်းနွဲ့နေသည့် အရိပ်သုံးခု၏မြင်ကွင်းက သူ့ကို အေးစက်သော ချွေးများထွက်လာစေသည်။ ချင်းမိသားစုက မိန်းခလေးတွေ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချတာလား?!

  လီရှက အမြန်ထရပ်ပြီး ခန်းမတံခါးကို တွန်းဖွင့်လိုက်သည်။ ကြမ်းပြင်ပေါ်မှာ အနီရောင်အဝတ်အစားတွေနဲ့ အနီရောင်ပန်းထိုးထားတဲ့ ဖိနပ်သုံးရံက သူ့မျက်လုံးရှေ့မှာ ချိတ်ဆွဲထားသလို ပေါ်လာသည်။ လီရှလည်း ထိတ်လန့်သွားပြီး နောက်ပြန်လှည့်ကာ ထိတ်လန့်တကြားနဲ့ လှမ်းအော်လိုက်သည်။ "မြန်မြန်... မြန်မြန်...သူတို့ကို မြန်မြန်သွားကယ်!!"

  စစ်သားတစ်စုက ယောက်ယက်ခက်နေပြီး နောက်ဆုံးမှာတော့ အမျိုးသမီး သုံးယောက်ကို လှဲချလိုက်သည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now