Chapter 1.2

755 73 6
                                    

အခန်း ၁ ဝိညာဉ်က အခြားကမ္ဘာတစ်ခုဆီသို့ ခရီးသွားခြင်း (အပိုင်း ၂)

အခန်းက ပြန်ပြီး ငြိမ်သက်သွားပြန်သည်။ ကုယွင်က တင်းတင်းကြပ်ကြပ် ချည်နှောင်ခံထားရပေမယ့် သူမမျက်နှာကို ဖုံးထားတဲ့ အနီရောင်ပဝါကတော့ ဖယ်ရှားခံ လိုက်ရပြီ။ ကုယွင်က အဖြူရောင် ကုတင်ကန့်လန့်ကာများကို စိုက်ကြည့်ရင်း အံ့အားသင့်နေခဲ့သည်။

ဒီမှာ ဖြစ်ပျက်နေတာတွေကို ဘယ်သူက ရှင်းပြပေးနိုင်မလဲ????

ကုယွင်က ကုတင်ပေါ်တွင် လှဲလျောင်းနေရင်း သူမ၏မငြိမ်မသက်ဖြစ်နေသော စိတ်နှလုံးကို ငြိမ်သက်စေရန် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ခုန ခံစားချက်မရှိ အေးစက်တဲ့လူက ဒီည ပြန်မလာတော့တာ ဖြစ်နိုင်တယ်။ အနည်းဆုံးတော့ ကြိုးကို အရင်ဖြေရမယ်၊ အဲ့တာမှ လက်ရှိဒုက္ခကနေ လွတ်မြောက်နိုင်မယ်။

ဤအခန်းက စတုရန်းမီတာငါးဆယ်ခန့်ကျယ်ဝန်းသော အခန်းဖြစ်ပြီး တစ်ခန်းလုံးရှိ ပရိဘောဂများက အလွန်ရိုးရှင်းနေသည်။ သူမ အိပ်နေသောကုတင်အပြင်၊ မဟော်ဂနီကုလားထိုင်တစ်စုံပါသော စားပွဲနိမ့်တစ်ခုလည်း ရှိနေသေးသည်။ ကုတင်ဘေးတွင် သံခမောက်နှင့် သံချပ်ကာ ချိတ်ဆွဲရန် မတ်တပ်သစ်သားစင်တစ်ခုရှိနေသည်။ အရာအားလုံးက သစ်သား ပရိဘောဂများ ဖြစ်နေသောကြောင့် အခန်းက အခုန ထွက်ခွာသွားသော လူနှင့် အလွန်ဆင်တူသည်။

ကြမ်းတမ်းပြီး အေးစက်လွန်းတယ်!

အခန်းတစ်ဝိုက်ကို လှည့်ပတ်ကြည့်ပြီးနောက် ကုယွင်အတွက် ဆွဲဆောင်မှု အရှိဆုံးမှာ သစ်သားခုံဘေးတွင် ချိတ်ဆွဲထားသော ဓားရှည်တစ်လက်ဖြစ်သည်။ ဓားရှည်က အသွားနှစ်ထပ်ဖြစ်ကာ အရှည်လေးပေလောက်ရှိပြီး ငွေဖြူရောင်ဖြစ်သည်။ ဓားအိမ်ပေါ်မှာ အလှဆင်ထားခြင်း မရှိဘဲ ကျောက်စိမ်းဓားရိုးကနေ ထွက်နေတဲ့ ဓားတစ်ချောင်းလုံးက မောက်မာမှု၊ အထီးကျန်မှုများနှင့် ပြည့်နှက်နေကာ လူတို့ကို အေးစက်သောခံစားမှုကို ပေးနေသည်။

သူမက အေးစက်သော လက်နက်များကို အမြဲနှစ်သက်လေ့ရှိပြီး ဤဓားက သူမ၏ လက်ရှိ အခြေအနေမှ လွတ်မြောက်ရန် ကူညီပေးနိုင်သောကြောင့် ဓားနှင့် နီးကပ်ရန် မည်ကဲ့သို့ ပြုလုပ်ရမည်ကို တွေးတောနေခဲ့သည်။ ကုယွင်က အသက်ပြင်းပြင်းရှူကာ ခါးနှင့် ဝမ်းဗိုက်ကို ကြွရန် မျှော်လင့်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူမ တစ်ဝက်တစ်ပျက်သာ လုပ်နိုင်ပြီး ကုတင်ပေါ်သို့ ပြန်လဲကျသွားခဲ့သည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now