Chapter 11.7, 12.1

515 59 2
                                    

အခန်း ၁၁ လူမဆန်တဲ့ လေ့ကျင့်ရေး (အပိုင်း ၇)

ည....

ညကောင်းကင်က လေနုအေးကြောင့် တိမ်တိုက်များ ကင်းစင်ကာ ကြည်လင်နေသည်။ တောက်ပနေသော လခြမ်း၏အရိပ်က စခန်းရှေ့မှ ကျယ်ဝန်းသော နေရာကို အပြည့်အဝ ဖုံးလွှမ်းထားသည်။ နူးညံ့သော လရောင်အောက်တွင် အရိပ်လေးတစ်ခုက တစ်ယောက်တည်း တိတ်တဆိတ် ရပ်နေသည်။ ပါးပါးလျားလျားအသွင်သဏ္ဍန်လေးက လရောင်ကြောင့် ပိုရှည်လျားပုံပေါ်နေပြီး ဆန့်ကျင်ဘက်အနေဖြင့် အထီးကျန်သော ခံစားချက်ကို ပေးစွမ်းနေသည်။

စုလင်းက အဝေးမှနေပြီး မိုးသစ်တောထဲက ပြန်ထွက်လာကတည်းက ထိုနေရာတွင် ရပ်နေသော အမျိုးသမီးကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူမ၏နက်မှောင်သော မျက်လုံးများက အနည်းငယ် မှိန်ဖျော့နေပုံရသည်။ စုလင်းက ရှေ့သို့ တိုးသွားပြီး ကုယွင်နောက်ကို ရပ်တန့်လိုက်သည်။ ခပ်တိုးတိုးယောက်ျားအသံတစ်ခုက လေးလေးတွဲတွဲ သြရှရှ ပုံစံဖြင့် ထွက်ပေါ်လာသည်။ "နေ့လည်က မင်းပြောခဲ့တာ အမှန်လား?"

ကုယွင်က နောက်ပြန်လှည့်မကြည့်ဘဲ အေးအေးဆေးဆေး ပြန်မေးလိုက်သည်။ "ဘယ် စကားလဲ"

နေ့လည်ခင်းတုန်းက သူမ စကားတွေ အများကြီး ပြောခဲ့တယ်လေ၊ သူက ဘယ်တစ်ခုကို ပြောနေမှန်း သူမ ဘယ်လိုသိမှာလဲ??

"မင်း ဘာလို့ တောထဲမှာ တစ်လလောက် နေခဲ့ရတာလဲ??" ကုယွင်က သူ့ကို ပြန်မဖြေဘူး။ သူက ဘာကြောင့်မှန်းမသိပေမယ့် သူမ ပြောတာကို တကယ် ယုံကြည်ခဲ့တယ်။ နေ့ခင်းက မိုးသစ်တောထဲမှာ သူမ ပိတ်မိနေတဲ့အကြောင်း ပြောတဲ့အခါ သူမရဲ့စိတ်ခံစားချက်တွေကို တမင်တကာ မျိုသိပ်ထားခဲ့ပေမယ့် သူမမျက်လုံးတွေထဲမှာ အေးစက်တဲ့လှိုင်းတွေ ရှိနေတာကို သူ မြင်နိုင်ခဲ့တယ်။

ကုယွင်၏ နောက်ကျောက တင်းမာလာပြီး အကြာကြီး အေးခဲနေခဲ့သည်။ "ဒီနေ့ အဲ့အကြောင်းကို ရှင်းပြဖို့ စိတ်မပါသေးဘူး"

နေ့လည်က မိုးသစ်တောရဲ့အတွေ့အကြုံက သူမအတွက် အမှတ်တရများစွာကို ပြန်သယ်လာခဲ့သည်။ သူမဘဝရဲ့ အမှတ်ရစရာတွေ၊ အကျွမ်းတဝင်ရှိခဲ့တဲ့ခေတ်အချိန်တွေနဲ့ သူမ ဝေးကွာလာခဲ့ရသည်။ သူမ အနှစ်နှစ်ဆယ်ကျော်နေထိုင်ခဲ့သည့် မြို့ကို လွမ်းဆွတ်မိသလို သူမ၏မိဘများနှင့် အတူလက်တွဲတိုက်ခိုက်ခဲ့သော သူမ၏အဖွဲ့ဝင်များကိုလည်း သူမ လွမ်းဆွတ်နေမိသည်။ သူမ တကယ်ပဲ ပြန်သွားချင်တယ်....

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now