Chapter 2.3

646 80 2
                                    

အခန်း ၂ စစ်ရေးအင်အား (အပိုင်း ၃)

အရုဏ်တက်ချိန်တွင် နေမင်းကြီးက သူ့၏ ပထမဆုံးသော နံနက်ခင်းအလင်းရောင်နှင့်အတူ တောက်ပလာပြီဖြစ်ကာ အပူရှိန်က နွေရာသီကိုရောက်ရှိနေလာပြီဟု ထင်မြင်မိစေသည်။ ကြီးမားလှသော စစ်ရေးလေ့ကျင့်ကွင်းကြီးတွင် စစ်သည်တစ်ထောင် တန်းစီနေပြီး လူများပြည့်ကျပ်နေသော်လည်း စုမိသားစုစစ်တပ်၏ ကောင်းမွန်သော စစ်စည်းကမ်းကြောင့် လုံးဝတိတ်ဆိတ် ငြိမ်သက်နေသည်။

စစ်ရေးလေ့ကျင့်ကွင်းရှေ့တွင် တည်ဆောက်ထားသော မြင့်မားသော စင်မြင့်ပေါ်တွင် အရပ်ရှည်ရှည်နှင့် ပုပျက်ပျက် ခန္ဓာကိုယ်နှစ်ခုက တစ်ဖက်တစ်ချက်စီတွင် မတ်တပ်ရပ်နေသည်။ စုယွိက နက်ပြာရောင် စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ပြီး ခံညားသော အသွင်ကိုဆောင်နေကာ ကြီးကျယ်ခမ်းနားမှုကို ထင်ဟပ်နေစေသည်။ ကုယွင်က သူမတကိုယ်လုံးကို အနက်ရောင် ၀တ်ဆင်ထားပြီး ဆံပင်ရှည်ကို မြင့်မြင့်ချည်နှောင်ထားသည်။ စုယွိက သူဘေးမှ သပ်ရပ်သောဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးကို ဘေးစောင်းကြည့်ရင်း ဤကဲ့သို့ ၀တ်ဆင်ထားသော အမျိုးသမီးက တကယ်ကို ဆွဲဆောင်မှုရှိကြောင်း ဝန်ခံလိုက်ရသည်။

စုရန်က စင်မြင့်ပေါ်သို့ အေးအေးလူလူ လမ်းလျှောက်လာကာ သူတို့နှစ်ဦးကြားတွင် ရပ်လိုက်ပြီး အပြုံးနဲ့ ပြောလိုက်သည်။ "ဒါတွေအားလုံးက စုမိသားစုစစ်တပ်ရဲ့ တပ်သားသစ်တွေကနေ ရွေးချယ်ထားတဲ့ အလားအလာကောင်းတဲ့ သူတွေပဲ၊ မင်းတို့နှစ်ယောက် စပြီး ရွေးချယ်လို့ရပြီ"

စုယွိက "သူ(မ)ကို အရင် ရွေးခွင့်ပေးလိုက်ပါ"

ကုယွင်က ကွင်းထဲရှိ ငယ်ရွယ်ပြီး စိတ်လှုပ်ရှားနေသော မျက်နှာများကို တစ်ချက်ကြည့်လိုက်ရာ မည်သူမျှ သူမထံမှ အရွေးမခံချင်ကြောင်း သဘာဝကျကျ သိနေသည်။ နောက်ဆုံးတော့ သူတို့စိတ်ထဲတွင် သူမနှင့် စုယွိက တစ်ယောက်နှင့်တစ်ယောက် မတူကြပေ။ ဒါပေမယ့် ဘယ်သူလဲ တိမ်လဲ၊ ဘယ်သူက ရွှံ့ဆိုတာ သူတို့ကို မကြာခင် သိလာလိမ့်မယ်။

ကုယွင်က "သူတို့အားလုံးက ပျိုးပင်ကောင်းတွေဆိုမှတော့ ရွေးချယ်ဖို့ အားစိုက်ထုတ်နေစရာ မလိုတော့ပါဘူး၊ သူတို့ကို နှစ်ပိုင်းခွဲလိုက်မယ်။ ဘယ်ဘက်ခြမ်းက နင့် အပိုင်၊ ညာဘက်က ငါ့အပိုင်" (ပျိုးပင်ကောင်း-ထူးချွန်တဲ့လူသစ်လေးတွေ)

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now