Chapter 15.9/15.10

416 53 0
                                    

အခန်း ၁၅ သူပုန်ခေါင်းဆောင် (အပိုင်း ၉)

ဤတစ်ကြိမ်တွင် ကုယွင်က နာခံမှုရှိရှိ လှည့်ကြည့်လာပြီး ဖော်ရွေသော အပြုံးဖြင့် ပြန်မေးလာသည်။ " တခြားရှိသေးလား"

"ငါ့ကို ဆွဲထုတ်ပေး!" သူ့သွားများကြားမှ ညှစ်ထုတ်လာသည့်လေသံက မူရိ တစ်ယောက်ယောက်ကို သတ်ချင်နေပြီဆိုတာ ပြသနေသည်။

ကုယွင်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး ရင်ဘတ်ပေါ် လက်ပိုက်နေကာ အနည်းငယ် အေးစက်ကာ မောက်မာပုံရသော အမူအရာ... သနားညှာတာမှု အရိပ်အယောင်များ လုံးဝ မပါသော အသံဖြင့် ပြန်ဖြေလာသည်။ "ငါ့မျက်နှာမှာ ရေးထားတာက 'မကောင်းမှုကို မကောင်းမှုနဲ့ ပြန်ဆပ်ရတယ်"တဲ့၊ အဲ့တာကို နင် မြင်ရလား? ငါက အကြင်နာတရားကို ကျေကျေနပ်နပ်နဲ့ ပြန်ပေးဆပ်တက်သလို နာကျည်းချက်တွေအတွက်လည်း လက်စားချေတက်တယ်! နင်က စိတ်လှုပ်ရှားစရာ ဇာတ်ကွက်ကောင်းကောင်းလေး ကြည့်ချင်တယ်မလား? အဲ့တာဆိုရင် သင့်တင့်တဲ့စျေးတော့ ပေးရမှာပေါ့။ နင် ဒီနွံတွေထဲမှာ ဖြည်းဖြည်းချင်း ရေချိုးလိုက်ဦး၊ ရွှံက နင့်အသားအရေအတွက်ကောင်းတယ်"

"ချင်းမော့!"

ကုယွင်က လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်တာကြောင့် သစ်ပင်များ တုန်ခါသွားပြီး ငှက်များနှင့် တိရစ္ဆာန်များက လန့်ဖျန့် ပြေးလွှားကာ ပြန့်ကျဲသွားသည်။ သူမက ရိုင်းစိုင်းစွာ အော်ဟစ်နေသူကို ချန်ထားရစ်ခဲ့တော့သည်။

****

စစ်တပ်က အုပ်စုနှစ်စုခွဲကာ ထွက်ခွာလာခဲ့သည်။ ကုယွင်က ရွှေများဝှက်ထားသည့် တောင်ဘက်မှ ချောင်းတစ်လျှောက် လမ်းကြောင်းအတိုင်း စုရန်၊ ဟန်ရှုတို့နှင့်အတူ လိုက်ပါသွားခဲ့သည်။ မူရိ၏ချွေးအေးများနှင့် ရွံရှာကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်နှာကို ပြန်တွေးရင်း ကုယွင်က စိတ်အခြေအနေပြန်ကောင်းလာသည်။ သူမက သူ့ကို အတင်းအကြပ် အင်အားသုံးပြီး အနိုင်မယူနိုင်ပါဘူး။ မူရိရဲ့ကိုယ်ခံပညာက စုလင်းနဲ့ တန်းတူဖြစ်နိုင်တာကို သူမက သူနဲ့ထိပ်တိုက်ရင်ဆိုင်ရလောက်အောင် မိုက်မဲပါ့မလား?

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now