Chapter 7.1

560 61 0
                                    

အခန်း ၇ ညဘက်စီးနင်းတိုက်ခိုက်မှုနှင့် ကာကွယ်ရေး အပိုင်း ၁

တောအုပ်ကြီးထဲတွင် သပ်ရပ်စွာ စီတန်းနေသော စစ်သည်ငါးရာရှိနေသည်။ အဖွဲ့၏ရှေ့တွင် အနက်ရောင်ဝတ်စုံဝတ်ထားသော ပိန်ပိန်ပါးပါး အမျိုးသမီးငယ်တစ်ဦး ရှိနေသည်။ လွန်ခဲ့သည့်လဝက်နှင့် ကွာခြားချက်နေသည်မှာ စစ်သည်များအားလုံး၏ မျက်နှာများက ငယ်ရွယ်နုပျိုနေရုံသာရှိပြီး အခြားသော လှောင်ပြောင် ရှုတ်ချဟန်များရှိ မနေတော့ပေ၊ သို့သော် စိတ်ရင်းမှန်ဖြင့် ကြည်ညိုလေးစားမှု၊ အရာရာကို အရှုံးမပေးလိုမှု၊ ဖြောင့်မတ်မှန်ကန်သော စိတ်နေစိတ်ထားများ၊ သန်မာတောင့်တင်းကြံ့ခိုင်သော ကိုယ်ဟန်အနေအထားများနှင့် ထက်သန်တက်ကြွနေသော စိတ်ဆန္ဒများက ထို အေးစက်နေပုံရနေသော အမျိုးသမီးက သူတို့ဆီကို ယူဆောင်လာခဲ့ခြင်းပင်။

ဒီညဘက်စီးနင်းတိုက်ခိုက်ရေးတိုက်ပွဲမှာ သူတို့က လုံး၀ ရှုံးနိုင်မှာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ လဝက်လောက်က သူတို့မှာ ဒီလို ယုံကြည်မှုတွေ မရှိခဲ့ပေမယ့် လဝက်ကြာပြီးတဲ့ ဒီနေ့မှာတော့ သူတို့ နိုင်မယ်လို့ လုံးဝ ယုံကြည်နေကြတယ်။

ကုယွင်က သူမ၏မျက်ခုံးများကို ပင့်ကာ ဘာကြောင့်မှန်းမသိ တိုက်ကြကြီးများကဲ့သို့ နားမလည်နိုင်သော တက်ကြွနေသော အမျိုးသားများကို ကြည့်နေသည်။ သူမက အခုလို သူတို့ရဲ့တိုက်ခိုက်ရေး စိတ်ဓာတ်တွေ မြင့်မားနေတာကို မြင်ရတာ ကြိုက်ပေမယ့် သူတို့က ဒီလောက်အထိ အလွန်အမင်း တင်းမာနေစရာ မလိုပါဘူး။

ကုယွင်က အပိုစကားတွေ အများကြီး ပြောမနေတော့ဘဲ ရှင်းရှင်းလင်းလင်းနဲ့ "ငါတို့ ဆွေးနွေးပြီးတဲ့နောက်မှာ ဒီညဘက်စီးနင်းတိုက်ခိုက်မှုတိုက်ပွဲရဲ့ အချိန်နဲ့နည်းလမ်းကို ဆုံးဖြတ်ပြီးပြီ။ တည်နေရာကိုတော့ အနောက်ဘက်ဆင်ခြေဖုံးမှာရှိတဲ့ စုမိသားစုစစ်တပ်ရဲ့တပ်စခန်းကို ပြိုင်ပွဲနေရာအဖြစ် ရွေးချယ်လိုက်တယ်။ စုရန်က ထိပ်တန်းစစ်သည်တစ်ထောင်ကို ဦးဆောင်ပြီး အဲ့စခန်းကို ကာကွယ်နေလိမ့်မယ်။ ပြိုင်ပွဲရဲ့အဓိကတာဝန်က စုရန်ရဲ့ စခန်းအတွင်းက ကြုံရာအခန်းတစ်ခုမှာ ပစ္စည်းတစ်ခုထည့်ထားတဲ့ သစ်သားသေတ္တာတစ်လုံးကို ရှိနေမယ်။ အဲ့သစ်သားသေတ္တာကို အရင် ခိုးယူနိုင်တဲ့သူက အနိုင်ရမယ်။ အချိန်ကန့်သတ်ချက်က သုံးရက်။ ဒါပေမယ့် ငါနဲ့ စုယွိမှာ တစ်ယောက်ယောက်က သစ်သားသေတ္တာကို ရလိုက်တာနဲ့ ဒီပြိုင်ဆိုင်မှုက ချက်ခြင်း ပြီးဆုံးသွားလိမ့်မယ်"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now