Chapter 8.3

564 64 2
                                    

အခန်း ၈ ရွှေအမှုဟောင်း (အပိုင်း ၃)

ကုယွင်က ကျွော့ချင်းကို တွေ့ရသည့်အတွက် အရမ်းပျော်နေပေမယ့် သူမကို ကျီစားချင်နေပြီး သူမ ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုလည်း ကြည့်ချင်နေတုန်းပါပဲ။ သို့သော် ထိုအမျိုးသမီးက ငွေအပ်ဖြင့် သူမလက်မောင်းကို တကယ်ထိုးမည်ဟုတော့ သူမ မထင်မှတ်ခဲ့ပေ။

အပ်ရှည်က သူမလက်မောင်းကို ထိုးမိခါနီးတွင်၊ ကုယွင်က ရုတ်တရက် မျက်လုံးဖွင့်လိုက်ကာ ထိုလူသတ်လက်ကြီးကို ဆုပ်ကိုင်လိုက်ပြီး "နင်က ငါကို တကယ်ထိုးချင်နေတယ်ပေါ့!"

ကျွော့ချင်းက မျက်ခုံးပင့်လိုက်ပြီး "နင် ဘယ်လိုထင်လဲ!" ဟု ပြန်ဖြေလိုက်သည်။ နောက်ဆုံးတော့ သူမ လက်လျှော့လိုက်ပြီး နိုးထလိုက်ရသည်။

အချိန်တွေက တစ်မဟုတ်ချင်း ကုန်ဆုံးသွားပေမယ့် အခန်းထဲမှာတော့ လှုပ်ရှားမှု မရှိသေးပါဘူး။ စုယွိက စိတ်မရှည်စွာနဲ့ ခြံဝင်းထဲမှာ လမ်းလောက်နေပြီး ကျင်းစက တော်ဝင်သမားတော်တစ်ယောက်ကို ခြံဝင်ထဲသို့ ခေါ်ဆောင်လာပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။ "ချင်းသခင်မလေး၊ တော်ဝင်သမားတော် ရောက်လာပါပြီ"

"ငါ အပ်စိုက်နေတယ်၊ ​​ငါ့ကို လာမနှောင့်ယှက်နဲ့" အခန်းတွင်းမှ အေးစက်သော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။

တော်ဝင်သမားတော်က ပိတ်ထားသောတံခါးအ‌ရှေ့တွင် တုန့်ဆိုင်းနေပြီး ကျင်းစကို တစ်ချက်ကြည့်လိုက်သည်။ ကျင်းစက သူ့ဘက်ကို လက်ဝှေ့ယမ်းပြလိုက်ပြီး သမားတော်က ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။

ခဏအကြာတွင် တံခါးပွင့်လာပြီး ကျွော့ချင်း ထွက်လာခဲ့သည်။

"ဘယ်လိုဖြစ်သွားပြီလဲ?" စုယွိက စိုးရိမ်တကြီး မျက်နှာပေးဖြင့် တံခါးဆီသို့ ပြေးဝင်လာတာကြောင့် ကျွော့ချင်း၏ မျက်လုံးများက အနည်းငယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။ အိမ်ထောင်ဖက်နှင့်ပတ်သက်မှ ဆွေမျိုးတော်စပ်တဲ့သူလား!??

ကျွော့ချင်းက သူမ၏မျက်လုံးများမှ စူးရှသော အရိပ်အယောင်ကို ဖုံးအုပ်လိုက်ပြီး "သူ(မ) နိုးလာပြီ၊ ဒါပေမယ့် သူ့(မ)ခန္ဓာကိုယ်က အတော်လေးကို အားနည်းနေသေးတယ်။ အပ်စိုက်ကုထုံးကို ခုနှစ်ရက်တစ်ကြိမ်လုပ်ပေးဖို့ လိုလိမ့်တယ်။ ဆယ်ခါလောက်လုပ်ပြီးရင်တော့ ဒီတစ်နှစ်အတွင်းမှာ ထပ်မဖြစ်နိုင်တော့လောက်ဘူး"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now