Chapter 12 (6,7)

462 65 4
                                    


အခန်း ၁၂ သူရဲကောင်းက အလှလေးကို ကယ်တင်(အပိုင်း ၆)

အဲ့လောက်တောင် မှော်ဆန်တာလား?! ကုယွင်၏မျက်ခုံးများက အနည်းငယ် ပင့်တက်သွားသည်။ သူတို့နှစ်ဦးက သစ်ပင်၏ပင်စည်ပေါ်တွင် ခဏတာ ရပ်နေပြီး တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ကာ ပရောပရီလုပ်နေပုံပေါ်တာကြောင့် ရန်ကော်က စိတ်မရှည်စွာဖြင့် အော်ဟစ်လိုက်သည်။ "မင်းတို့ နှစ်ယောက် ဘာကို စောင့်နေတာလဲ၊ မြန်မြန် လာလေ!"

"သေချာ ကိုင်ထား" စုလင်းက သူ့၏လက်များကို တစ်ဖန်ပြန် တင်းကျပ်လိုက်ကာ ကုယွင်ကို သူ့ရင်ခွင်ထဲ ပွေ့ဖက်လိုက်ပြီး သစ်ပင်၏ပင်စည်ပေါ်မှတဆင့် သစ်ပင်၏ပင်စည်ထိပ်ဖျားဆီသို့ ခုန်ဆင်းသွားသည်။ ကုယွင်က စုလင်း၏ အသက်ရှုသံကိုတောင် ခံစားနေရသည်။ သူက အားအများကြီး မထုတ်ဘဲ သူ့၏စွမ်းအင်ကို ရုတ်တရက် မြှင့်တင်လိုက်ပြီး သူ အစွမ်းရှိသမျှ လေထဲသို့ ခုန်လိုက်သည်။ နောက်ဆုံးတွင် သူမတို့နှစ်ယောက်လုံး ချောက်၏ တစ်ဖက်ကမ်းသို့ ဆင်းသက်နိုင်ခဲ့သည်။

ကုယွင်က စုလင်း၏စွမ်းရည်ကို ယုံကြည်သော်လည်း သူမ၏နှလုံးသားမှ စိတ်ပူပင်မှုကိုတော့ မတားဆီးနိုင်ခဲ့ပေ။

နောက်ဆုံးတွင် ရန်ကော်က သူ့၏စိတ်ကို သေသည်အထိ နှိမ်ကွပ်ခဲ့သော အမျိုးသမီးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ တကယ်တော့ သူမက ငယ်ရွယ်နုနယ်တဲ့ မိန်းခလေးတစ်ယောက်ပဲ... ပြီးတော့ အရမ်းရုပ်ဆိုးတယ်! သူ သူမဆီမှာ ရှုံးနိမ့်ခဲ့တာကို တွေးမိလေလေ ပိုစိတ်ဆိုးလေလေပဲ။

ရန်ကော်က ကုယွင်ကို စိုက်ကြည့်နေရင်း ကျိန်ဆဲလိုက်သည်။ "အဲ့တာ ညစ်ပတ်တဲ့မိန်းမပဲ"

တစ်ဖက်ကမ်းသို့ ရောက်သောသော ကုယွင်က သူကို အရေးမစိုက်ဘဲ သူမ၏ကြင်လင်စူးရှသော မျက်လုံးလေးများက ဟန်ရှုတစ်ဝိုက်မှ သူပုန်များ၏နေရာယူမှုနှင့် မြေပြင်အနေအထားကို လျှို့ဝှက်စွာ အကဲခတ်နေသည်။ သူမက သူ့ကို လျစ်လျူရှုထားသောကြောင့် ရန်‌ကော်၏ရန်စမှုက မှေးမှိန်သွားသည်။

စုလင်း ဒီဘက်ကမ်ကို ခြေချလိုက်ကတည်းက ဝူကျိ၏မျက်လုံးများက စုလင်းထံမှ လုံးဝ မခွာခဲ့ပေ။ သူ့မှာ ဒီလူက အလွယ်တကူ ဖြေရှင်းလို့ မရနိုင်ဘူးဆိုတဲ့ ခံစားချက်တစ်ခုရှိနေခဲ့တယ်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now