Chapter 5.1

578 76 3
                                    

အခန်း ၅ စုလင်း ပြန်လာပြီ (အပိုင်း ၁)

"ငါ ရှုံးပြန်ပြီ!"

စုယွိက စစ်တုရင်ခုံကို စိုက်ကြည့်နေပြီး သူ့မျက်လုံးတွေက သူ့ခေါင်းထဲကနေ ပြူးထွက်လုမတတ်ဖြစ်နေသည်။ သူက သူ့ခေါင်းကိုသူ ပြင်းပြင်းထန်ထန် ပုတ်လိုက်ပြီး "ထူးဆန်းလိုက်တာ၊ စစ်တုရင်အပိုင်းအစက နည်းနည်းလေးပဲ ရှိသေးတယ်၊ ပြီးတော့ ငါ လုံးဝ အလေးအနက်ထားပြီး ကြည့်နေတာကို အာ့ကော လေးတုံးဆက်ထားတာကို ငါ မမြင်လိုက်ဘူး?"

အချိန်ကြာလာသည်နှင့်အမျှ စစ်တုရင်အပိုင်းအစများက ပိုများလာလေလေ ‌ဖြစ်လာပြီး တစ်စုံတစ်ခု၏ အာရုံစိုက်မှုကို လွတ်ကင်းစေမည့် အချိန်ကာလတစ်ခုသို့ မလွဲမသွေ ရောက်ရှိလာပေလိမ့်မည်။

ဒါပေမယ့် တစ်ရှီးချန်ရဲ့လေးပုံတစ်ပုံအတွင်း ဆယ်တုံးလောက်ပဲ ချရသေးတဲ့အချိန်မှာ သူ ဘာလို့ အဲ့လောက်တောင် သတိမမူမိတာလဲ???

စုယွိက အလျင်အမြန် အရှုံးပေးရန် မလိုလားဘဲ "နောက်တစ်လှည့်"

စုရန်က ရယ်မောနေပြီး ညသန်းခေါင်ကျော်နေပြီဖြစ်တာကြောင့် သူက ယွိနဲ့ မကစားချင်တော့တာ သေချာနေခဲ့သည်။ သူက ဒီကစားနည်းကို ကစားရတာ မပျော်တော့တာ မဟုတ်ပါဘူး၊ ဒါပေမယ့် ပြိုင်ဘက်က အရမ်းအားနည်းနေတာကြောင့် စိတ်ဝင်စားစရာ မရှိတော့တာပါ။ သို့သော် ရိုးရိုးစုတုရင်ကစားနည်းကို လုံးဝ စိတ်မဝင်စားသော စုယွိက ဒီကစားနည်းကို စွဲလမ်းသွားခဲ့သည်။ သူက နေ့တိုင်း စစ်တုရင်ကစားရန် ရောက်လာသည်မှာ လေးငါးရက်ခန့်ရှိပြီဖြစ်ကာ သူ အမြဲလိုလို စိတ်ဆင်းရဲလောက်အောင် ရှုံးနိမ့်ခဲ့ရသည်။ သူက မကြာခဏ ရိုက်ချခံရပြီး မျှော်လင့်ချက်မဲ့နေခဲ့သည်။

စုရန်က မတ်တပ်ထရပ်ပြီး ခါးကို ဆန့်ကာ "အခုနောက်ကျနေပြီ၊ မင်းက မနက်ဖြန် မင်းရဲ့တပ်သားတွေကို လေ့ကျင့်ပေးရဦးမယ်!"

စုယွိက စုရန်၏အင်္ကျီလက်ဝကျယ်ကို ဆွဲလိုက်ပြီး "အာ့ကော၊ ဒါ နောက်ဆုံးပွဲလေ၊ တစ်ပွဲတည်းပါ!"

စုရန်က စိတ်ပျက်လက်ပျက် ပြန်ထိုင်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now