Chapter 7.5

548 71 2
                                    

အခန်း ၇ ညဘက်စီးနင်းတိုက်ခိုက်မှုနှင့် ကာကွယ်မှု (အပိုင်း ၅)

စုရန်၏မျက်နှာက ပိုပြီး မည်းမှောင်လာသော်လည်း ဟန်ရှုက အားရပါးရ ရယ်မောနေတော့သည်။ "စစ်သူကြီးစုရေ... သခင်မရဲ့လှုပ်ရှားမှုက အရှေ့နဲ့ အနောက်ကိုနှစ်ဖက်ညှပ်ပြီး တိုက်ခိုက်တာတင် မဟုတ်ဘဲ အစွယ်နှစ်ဖက်တပ်ချဉ်းကပ်မှုလို့ကို ခေါ်သင့်နေပြီ ဟား ဟား၊ မင်းရဲ့နှစ်ထပ် ဖြန့်ကျပ်မှု ဗျူဟာက သိသိသာသာကို ပုံပျက်သွားပုံရတယ်"

စုရန်က ထက်မြက်သူဖြစ်ပေမယ့် ဒီတစ်​ခါ​တော့ သူရဲ့ ထက်​မြက်မှုက သူ့အတွက် ထောင်ချောက်ဖြစ်သွားခဲ့ပုံပင်​။

စုရန်က ဒေါသတကြီး ပြုံးနေရင်း ခေါင်းယမ်းလိုက်သော်လည်း အခုအချိန်တွင် အနက်ရောင်ဝတ်စုံဝတ်ထားသော စစ်သည်များစွာက မျှော်စင်ပေါ်တွင် တိုက်ခိုက်ခြင်း မပြုတော့ဘဲ မြို့တံခါးနောက်မှ စစ်သည်များ တည်းခိုသည့် အခန်းငယ်လေးဆီသို့ တိုက်ရိုက်ပြေးသွားတော့သည်။

အခန်းငယ်လေး၏ သစ်သားတံခါးကို တွန်းဖွင့်လိုက်ရာ ၎င်းတို့ ရှာရန်ပင် မလိုတော့ဘဲ ရှည်လျားသော သစ်သားသေတ္တာတစ်လုံးကို စားပွဲပေါ်တွင် အလျားလိုက်ချထားသည်ကို တွေ့လိုက်ရသည်။ စစ်သည်ငယ်လေးလျိုရှင်းက ပျော်ရွှင်စွာ ပြုံးလိုက်ပြီး "ခေါင်းဆောင် မျှော်လင့်ထားသလိုပဲ၊ သစ်သားသေတ္တာက တကယ်ပဲ ဒီမှာကွ!"

သူ သစ်သားသေတ္တာကို ကောက်ယူခါနီးတွင် သစ်သားသေတ္တာအတွင်းမှ အေးစက်သောလေကို ခံစားလိုက်ရသည်။ လျိုရှင်းက "အား၊ အထဲမှာ ဘာရှိနေတာလဲ၊ အရမ်းအေးတယ်"

"အထဲမှာ ဘာပဲရှိရှိ ကိစ္စမရှိဘူး၊ မြန်မြန်ပြန်ထွက်။ သစ်သားသေတ္တာကို ခေါင်းဆောင်လက်ထဲကို အပ်လိုက်ရင် ငါတို့က အောင်နိုင်သူ ဖြစ်သွားလိမ့်မယ်!" လမ်ရှောင်းက စားပွဲခင်းကို ဆွဲယူလိုက်ပြီး သစ်သားသေတ္တာကို ထုပ်ပိုးကာ သူ့နောက်ကျောတွင် ကြိုးနဲ့ချည်ပြီး အရင်ဆုံး ပြေးထွက်သွားသည်။

သူတို့က မျှော်စင်သို့ ပြန်ပြေးလာကြချိန်တွင် အစောင့်များအားလုံး တုန်လှုပ်နေဆဲသာ ရှိနေသေးသည်။ လျိုရှင်းနှင့် အခြားသူများ၏ ကာကွယ်ပေးမှုအောက်တွင် လမ်ရှောင်းက မြို့မျှော်စင်မှ ခုန်ဆင်းသွားသည်။ သူက ကိုယ်ခံပညာ ကျွမ်းကျင်ပြီး ချင်ကုန်းလည်း ကျွမ်းကျင်မှုလည်း ရှိတာကြောင့် သုံးကျန်းအမြင့်က သူ့အတွက် မခက်ခဲလှပေ။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now