Chapter 13 (3,4)

418 52 2
                                    

အခန်း ၁၃ ကြေကွဲဖွယ်ကောင်းသော လက်ရွေးစင်များ (အပိုင်း ၃)

"လမ်ရှောင်း"

အေးစက်စက်အသံက ပင်ပန်းနေမှန်း သိသာထင်ရှားနေပြီး ရောက်လာသူများက တဖြည်းဖြည်း ချဉ်းကပ်လာသောအခါ လမ်ရှောင်းက ပြန်အော်ပြောလိုက်သည်။ "ခေါင်းဆောင်၊ ကျွန်တော်တို့ပါ"

ကုယွင်က တိတ်တိတ်လေး သက်ပြင်းချလိုက်မိသည်။ နောက်ဆုံးတော့ တစ်ယောက်ယောက် ပြန်လာနိုင်သေးတယ်။

လူအုပ်စုက ပုံမှန်မဟုတ်သော ခြေလှမ်းများဖြင့် ဖြည်းညှင်းစွာ လျှောက်လာနေသောကြောင့် ကုယွင်က ရုတ်တရက် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခုရလိုက်ပြီး သူတို့ကို ရပ်စောင့်မနေပဲ သူတို့ကို တွေ့ဆုံရန် ခြေလှမ်းပြင်လိုက်သည်။ သူမ မြင်လိုက်သည်နှင့် သူတို့၏ပင်ပန်းနွမ်းနယ်နေသော မျက်နှာများတွင် ကာလရှည်ကြာ ရှိနေခဲ့သော တင်းမာမှုများ ပြေလျော့သွားသည့် အရိပ်အယောင်များကို တွေ့လိုက်ရသည်။ လမ်ရှောင်းနောက်မှ စစ်သည်များက ခြေထောက်တွင် ဒဏ်ရာရနေသော စစ်သည်ငယ်သုံးလေးယောက်ကို ကျောပေါ်တင်လာသည်ကို မြင်လိုက်ရသည်။ ကုယွင်က သူတို့ခြေထောက်မှ ဒဏ်ရာများက ထောင်ချောက်တစ်ခုကြောင့် ဖြစ်နိုင်သည်ကို ခန့်မှန်းမိသည်။ သူမက တိုးညှင်းသောလေသံဖြင့် "သမားတော်၊ သူတို့ကို ကုသပေးပါ"

"ဟုတ်ကဲ့" စစ်တပ်သမားတော်နှစ်ယောက်က ဆေးသေတ္တာကို ကိုင်ပြီး ရှေ့ကို ထွက်လာကြသည်။

ပြန်ရောက်လာသော ပထမအသုတ်စစ်သည်အားလုံးက မီးပုံဘေးမှာ ထိုင်နေကြပြီး သူတို့အားလုံး ဘာမှ မပြောနိုင်ဘဲ မောပန်းနွမ်းနယ်ကာ နှုတ်ဆိတ်နေကြသည်။ ကုယွင်ကလည်း သူတို့ကို တန်းစီဖို့ အမိန့်မပေးဘူး။ ဒိနေ့ပြီးရင် မိုးသစ်တောက ဘာလဲဆိုတာ သူတို့နားလည်သွားလိမ့်မယ်။

ကုယွင်က လမ်ရှောင်းဆီသို့ လျောက်သွားလိုက်ပြီး "သူပုန်တွေနဲ့ တွေ့ခဲ့တာလား?"

အံ့သြမှုနှင့် သဘောကျမှုကြောင့် လမ်ရှောင်း၏မျက်လုံးများမှ အလင်းတန်းများ ထွက်ပေါ်လာသည်။ သူက စကားတစ်ခွန်းမှ မပြောရသေးသော်လည်း သူမက အမှန်တကယ် သိမြင်နိုင်ခဲ့သည်။ "ဟုတ်ကဲ့၊ လူအုပ်စုသေးသေးလေးတွေနဲ့ တွေ့ပေမယ့် သူတို့က ရေယူဖို့ လာခဲ့ပြီး လက်နက်တွေ မယူလာကြတာ ဖြစ်နိုင်တယ်။ သူတို့က ကျွန်တော်တို့ကို တွေ့တော့ ပြန်ဆုတ်သွားခဲ့တယ်၊ အဲဒီရေကန်ရဲ့ အနောက်ဘက်က တောက အရမ်းနက်တာကြောင့် ကျွန်တော်တို့ မလိုက်နိုင်ခဲ့ပါဘူး.."

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now