Chapter 7.2

598 57 0
                                    

အခန်း ၇ ညဘက်စီးနင်းတိုက်ခိုက်မှုနှင့် ကာကွယ်ရေး (အပိုင်း ၂)

ယိုရှီအချိန်... (ညနေ ၅ နာရီမှ ၇ နာရီ)

အနောက်ဘက်ဆင်ခြေဖုံး တပ်စခန်းနှင့် ငါးကျန်းအကွာတွင် တဲငယ်တစ်လုံးရှိနေပြီး တဲအတွင်းမှ ကျောက်စားပွဲငယ်တစ်ခုပေါ်တွင် မြေပုံတစ်ခု ဖြန့်ခင်းထားသည်။ ပုံဆွဲထားသည်မှာ အလျင်လိုနေပုံရပြီး သပ်သပ်ရပ်ရပ် မရှိသော်လည်း အလွန်အသေးစိတ်ကျကာ အဓိကတည်ဆောက်ပုံကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ကုယွင်က အလယ်မှာ ရပ်နေပြီး ညာဘက်မှာ ရပ်နေတဲ့ ကောကျင့်ယွင်က ပုံ၏အစွန်းကို လက်ညှိုးထိုးပြနေကာ "စခန်းအပြင်ဘက် တစ်ကျန်းအကွာမှာ နေရာလွတ်တစ်ခုရှိတယ်၊ ပြီးတော့ တစ်ကျန်းကျော်သွားရင် သစ်ပင်တွေနဲ့ ချုံပုတ်တွေရှိတယ်။ ကျွန်တော်တို့တပ်တွေက အဲ့နေရာမှာ ပုန်းအောင်းနေနိုင်တယ်၊ အဲဒါက စခန်းနဲ့ အနီးဆုံးဖြစ်ပြီး သစ်ပင်တွေအထူထပ်ဆုံးနေရာပဲ၊ ဒါကြောင့် သူတို့က လွယ်လွယ်နဲ့ ရှာတွေ့မှာ မဟုတ်ဘူး"

ကုယွင်က ခေါင်းညိတ်ပြပြီး ကောကျင့်ယွင်က ပုံပေါ်ရှိ လူထူထပ်သော ဗဟိုဧရိယာကို ဆက်လက်ညွှန်ပြလိုက်ပြီး "စခန်းထဲမှာ အခန်းပေါင်း ခြောက်ဆယ့်ခုနစ်ခန်း ရှိပြီး အများစုကတော့ စခန်းရဲ့ အနောက်ဘက်မှာ စုစည်းတည်ရှိနေတာပါ။ အဓိကအားဖြင့် ပင်မစခန်းသုံးခုရှိပြီး ဘေးဘက်ခန်းမတစ်ခု၊ စာဖတ်ခန်းနှစ်ခန်းနဲ့ တံခါးအနောက်မှာ စစ်သည်တွေ အနားယူဖို့ အခန်းငယ်လေးတွေ ရှိတယ်။ စခန်းအတွင်း တပ်ဖြန့်ထားပုံနဲ့ ပတ်သတ်ပြီးပြောရရင် တပ်ဖွဲ့ဝင်အင်အား ၃၀၀ ခန့်က ဂိတ်တံခါးကို စောင့်ကြပ်နေတယ်၊ တံတိုင်းကြီးတွေရဲ့ တစ်ဖက်စီမှာလည်း လေး၊ မြှားတွေကိုင်ထားတဲ့ လူတစ်ရာကျော်က တံတိုင်းတွေကို ကာကွယ်နေတယ်။ စခန်းတစ်ခုလုံးမှာ စစ်သည်တွေ အနားယူတဲ့ ဝင်းအနီးက ခြံဝင်းတွေကိုတော့ အနည်းငယ် လစ်လျူရှုထားတယ်။ အဲ့နေရာတွေကနေ ခိုးဝင်ရင် ဖြစ်နိုင်တယ်။ ဒါပေမယ့် အခန်းတွေ အများစုက စခန်းအနောက်ဘက်မှာရှိတယ်၊ အဲ့နေရာတွေကိုလည်း တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေတဲ့ စစ်သည်တွေ ရှိနေတယ်။ အမွေးတိုင်တတက် ကုန်စာလောက်တိုင်းလိုလိုမှာ ကင်းလှည့်နေတဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်၊ အဲ့တာကြောင့် သစ်သားသေတ္တာကို ရှာဖို့က သိပ်တော့ မလွယ်လောက်ဘူး"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now