Chapter 4.1

616 81 4
                                    

အခန်း ၄ လက်နက်ချခြင်း (အပိုင်း ၁)

နွေလယ်နေ့လည်ခင်းတွင် နေရောင်က ပူလောင်နေသေးပြီး ကျောက်နံရံအောက်တွင် နေရာလွတ်တစ်ခု ရှိနေသည်။ သစ်ပင်များ၏အရိပ်အယောင်မရှိတာကြောင့် တောက်ပသော နေရောင်ခြည်က လူတို့၏မျက်လုံးများကို မူးဝေစေပြီး နေလောင်ဒဏ်ကြောင့် အသားအရည်များက လောင်ကျွမ်းနေပုံပေါ်နေသည်။ သူမရှေ့မှ လူတိုင်းက မြေပြင်ပေါ်မှာ ဒူးတစ်ဖက်ထောက်ထားပြီး သူတို့ရဲ့ ကျောပြင်တွေကို ဆန့်တန်းထားကာ မလှုပ်မယှက်နေပြီး သူတို့ရဲ့ ဇွဲနဲ့ စိတ်ပိုင်းဖြတ်မှုတွေကို ပြသနေသည်။ သူတို့မျက်နှာပေါ်မှ ချွေးများနှင့် ဖုန်မှုန့်များက သူ့အသားအရည်ပေါ်တွင် ညစ်ပတ်ပေရေနေမှုများကို ချန်ထားခဲ့သည်။ တစ်ချိန်က ဥပေက္ခာပြုခြင်း၊ အထင်အမြင်သေးခြင်းနှင့် လှောင်ပြောင်ခြင်းများဖြင့် ပြည့်နှက်နေသည့် သူ၏ ငယ်ရွယ်သော မျက်နှာပေါ်ရှိ မျက်လုံးများက ယခုအခါ သူမကို လေးလေးနက်နက် ကြည်ဖြူစွာ စိုက်ကြည့်နေကြသည်။

ထို "ခေါင်းဆောင်"ဟူသော အသံကလည်း ကုယွင်ကို အံ့သြစေပြီး သူမ၏နှလုံးသားကို ကြည်နူးမှုများဖြင့် ပြည့်သွားစေခဲ့သည်။ ဆိုလိုသည်မှာ နောက်ဆုံးတွင် သူတို့က သူမကို တရားဝင် လက်ခံလိုက်ခြင်းပင်။

ကုယွင်က သူမမျက်နှာတွင် ဘာအမူအရာကိုမှ ထုတ်ဖော်ပြသခြင်း မရှိသော်လည်း ဤလူငယ်အုပ်စုကြောင့် သူမ မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ပေ။ မသိနားမလည်သောသူများ၊ မိုက်မဲပြီး အရည်အချင်းမပြည့်မီသူများ၊ သူရဲဘောကြောင်သူများ၊ မောက်မာရိုင်းစိုင်းသောသူများနှင့် နှိုင်းယှဥ်လျှင် အရှက်ရနေပေမယ့် သတ္တိရှိရှိ ဝန်ခံရဲသော ဤလူငယ်လေးများက ပိုရဲရင့်နေခဲ့သည်။ ဒီလိုယောက်ျားတွေကို သင်ပေးရတာက ပျော်စရာကောင်းမှာ သေချာနေသည်။

ကုယွင်က အေးစက်သော အမူအရာရှိနေပြီး စကားမပြောတာကြောင့် တပ်သားများက ခဏတာ တိတ်ဆိတ်သွားပြီးနောက် တစ်ပြိုင်နက်တည်း "တောင်ပေါ်တက်နည်းကို သင်ပေးပါ!"

သေတော့မှာပဲ! အဲ့လောက် အကျယ်ကြီး အော်နေကြတယ်။ သူတို့က မူလက ချိုင့်ဝှမ်း၏ ကျောက်နံရံများအောက်တွင် ရှိခဲ့သော်လည်း သူတို့၏အော်သံများက လူတို့၏နှလုံးကို တုန်လှုပ်စေကာ နားကို ပင်းစေနိုင်လောက်သည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now