Chapter 4.6

588 62 1
                                    

အခန်း ၄ လက်နက်ချခြင်း (အပိုင်း ၆)

ကုယွင်က သူမမေးစေ့ကို သူမလက်ဖြင့် ပြန်ကိုင်လိုက်ပြီး စုယွိကို ဘေးတိုက်ကြည့်ကာ တခစ်ခစ်ရယ်မော အရွှန်းဖောက်လိုက်ပြီးမှ "တကယ်တော့ ရန်သူဆိုတာ မရှိဘူး၊ ပြိုင်ဘက်လဲ မလိုဘူး၊ ဒါကြောင့် ကိုယ့်ကိုကိုယ် ပြန်တိုက်ရမှာ။ ကိုယ့်ကိုကိုယ် အနိုင်ယူရတာထက်ပိုကောင်းတဲ့အရာ ဘာမှ မရှိဘူး၊ တချို့လူတွေက ဉာဏ်နည်းပြီး ဖွံ့ဖြိုးတာဆိုလို့ ခြေလက်အင်္ဂါတွေပဲ ရှိတာဆိုတော့ နားမလည်နိုင်တာ ပုံမှန်ပါပဲ။ ဒီလိုပျော်စရာမျိုးကို ဘယ်တော့မှ နားမလည်ဘဲ အထီးကျန်တယ်လို့ပဲ ထင်နေမှာ" သူမ ဒီမှာ ရှိနေစဉ်အတွင်း ဒီကလေးလေးနဲ့ ရန်ဖြစ်နေရတာက ပိုပြီး စိတ်ဝင်စားစရာကောင်းတယ်။ မဟုတ်ရင် ပျင်းရိခြောက်ကပ်နေတော့မှာ။

စုယွိက ရှက်သွားပြီး "ဥဏ်နည်းပြီး ခြေလက်တွေပဲ သန်မာတာက ဘယ်သူလို့ မင်း ထင်လဲ၊ မင်းမှာ အရည်အချင်းရှိရင် မင်း ငါ့ရဲ့အာ့ကောနဲ့ ကစားလေ!" သူ့ရဲ့ စစ်တုရင်စွမ်းရည် တကယ်ဆိုးဝါးတာကို သူ ဝန်ခံနိုင်တယ်။ ဒါပေမယ့် သူတစ်ယောက်တည်းတင်မကပဲ ဒီအိမ်တော်မှာ သူရဲ့ဒုတိယအစ်ကိုကို ယှဥ်ကစားနိုင်တဲ့သူ မရှိဘူး၊ အဲ့တော့ ဒုတိယအစ်ကိုကို နိုင်အောင်ကစားနိုင်မှ သူ့‌ရှေ့မှာ ခါးမတ်မတ်နဲ့ မတ်တပ်ရပ်ပြီး စကားလာပြောလေ။

သူ့စကားကို ကြားပြီးနောက် စုရန်၏မျက်လုံးများက ရုတ်တရက် တောက်ပလာပြီး စိတ်လှုပ်ရှားစွာ ပြုံးလိုက်ကာ "ဒါက အကြံကောင်းပဲ၊ ချင်းမိသားစုရဲ့ မိန်းမပျို သုံးယောက်အကြောင်းကို ကြားဖူးတယ်၊ သူတို့သုံးယောက်မှာ ချင်းလင်ရဲ့ဗျပ်စောင်း ကျွမ်းကျင်မှုက တတိုင်းပြည်လုံးမှာ အကြော်ကြားဆုံးတဲ့၊ ချင်းဖုန့်ရဲ့ပန်းချီပညာနဲ့ လက်ရေးလှက ပြိုင်ဘက်မရှိဘူးလို့ ပြောကြတယ်။ ပြီးတော့ ချင်းမော့ရဲ့စစ်တုရင် ကျွမ်းကျင်မှုကို ယဥ်နိုင်တဲ့သူ မရှိသေးဘူးလို့လည်း ကြားဖူးတယ်။ ဒီနေ့ ငါက မင်းဆီကနေ လမ်းညွှန်လေးတွေ တောင်းချင်တယ်"

အနာဂတ်မှာ တစ်စုံတစ်ဦးနဲ့ ယှဉ်ပြိုင်နိုင်မယ့် အခွင့်အရေး ရှိနေတာကို သူက ဘာလို့ ဒီကိစ္စကို မေ့ထားနိုင်ရတာလဲ???

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now