Intro- 1

1.7K 72 1
                                    

နိဒါန်း -(အပိုင်း ၁)

ယနေ့ညတွင် လရောင်က အလွန်တောက်ပနေသော်လည်း သွေးနီရောင် တိမ်လွှာများက လကို ဖုံးအုပ်ထားကာ မူလက ပြေပြစ်သော လရောင်ကို ထူးထူးခြားခြား ကြောက်မက်ဖွယ် သွေးရောင်များလွှမ်းနေစေသည်။ လေထုသည်ပင် သွေးနံ့များ ပျံနှံနေပုံပေါ်နေသည်။ အထူးသဖြင့် နံနက် နှစ်နာရီအချိန်က အလွန်တိတ်ဆိတ်နေပြီး၊ အပြင်ဘက်မှ သစ်ရွက်ခြောက်ကြွေသံများကိုတောင် ကြားနေရတော့ ထူးဆန်းနေတဲ့ ညကောင်းကင်ကြီးကို ဘယ်သူကမှ ဂရုမစိုက်ခဲ့ပေ။

လမ်းကြမ်းသွား ဟွန်ဒါရဲကားတစ်စီးက အနီရောင်မီးကို မှိတ်ကာ မောင်းဝင်လာပြီး ထိုကားက တရားရုံးအဆောက်အဦးရှေ့တွင် ရပ်တန့်သွားသည်။ ကားတံခါးပွင့်လာပြီး သွယ်လျသောခြေထောက်တစ်စုံက ကားပေါ်မှ ဆင်းလာကာ လှပစွာ ထွက်ခွာသွားသည်။ ရောက်လာသူက အရပ် ၁၇၅ စင်တီမီတာထက် မနည်းသေးသော အရပ်မြင့်မြင့်နှင့် အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး ဆံပင်တိုတိုနှင့် ခပ်မိုက်မိုက်ပုံစံရှိကာ သန့်ရှင်းနေသော ရှပ်အင်္ကျီဖြူဖြူတွင် အတွန့်ကြောင်းလေးအနည်းငယ် ရှိနေသည်။ ညဉ့်နက်သန်းခေါင်တွင်ပင် သူမက အလွန်စိတ်အားထက်သန်နေပုံရကြောင်း သူမ၏မြဲမြံသောမျက်လုံးများက ဖော်ပြနေသည်။

ကုယွင်က မျက်လုံးများကို အနည်းငယ်မှေးကာ မော့ကြည့်လိုက်သည်။ အမှောင်ထုကြားတွင် အဆောက်အဦး၏ ဆယ့်သုံးထပ်တွင်ရှိသော အလောင်းခွဲစိတ်ခန်းမှ အလင်းရောင်ကို မြင်နိုင်သည်။ သူမ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကြွတက်လာသည်။ ကျွော့ချင်းက ဖုန်းမကိုင်တာကြောင့် သူမ အလောင်းကို ခွဲစိပ်နေတာ ဖြစ်နိုင်ဖို့များနေသည်။ သူမ အဆောက်အဦးထဲသို့ ၀င်သွားသည်နှင့် အစောင့်ဦးလေးကြီးတစ်ယောက်က ချက်ချင်း ထွက်လာသည်။ ဝင်လာသူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ ဦးလေးကြီးက ရင်းနှီးစွာ ပြုံးကာ " ခေါင်းဆောင်ကု၊ ဒေါက်တာကျွော့ကို ရှာနေတာလား?"

ကုယွင်က ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်ကဲ့"

"အခုနလေးတင် ကင်းလှည့်နေတဲ့ အချိန်တုန်းက ရင်ခွဲခန်းထဲမှာ မီးတွေ လင်းနေတာ တွေ့လိုက်ရတယ်၊ သူ(မ) အလုပ်ရှုပ်နေသေးတယ်၊ မင်းတို့က တကယ်ကို အလုပ်ကြိုးစားတာပဲ"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now