Chapter 3.3

600 82 3
                                    

အခန်း ၃ နတ်ဆိုးစစ်ရေးနည်းပြ (အပိုင်း ၃)

"တန်းစီလိုက်!"

ချွေးတွေ ရွှံ့တွေနဲ့လူးနေတဲ့ လူတိုင်းက မြေပြင်ပေါ်ကနေ တုန်တုန်ယင်ယင် ထရပ်လိုက်ကြသည်။ ကုယွင်က သူတို့၏ရုပ်ရည်သွင်ပြင်ကို ကြည့်ကာ အလွန် ကျေနပ်သွားပြီး သူမ၏လေသံက ပေါ့ပါးလာကာ "နောက်တစ်ဆင့်က တိုက်ခိုက်ရေးလေ့ကျင့်မှုပဲ၊ အရိုက်ခံဖို့ သင်ယူပြီးရင် ပြန်တိုက်ဖို့လည်း သင်ယူရမှာပေါ့၊ ဒါက ညဘက်တိုက်ခိုက်မှုဖြစ်လို့ ငါတို့က အသံတိတ်တိုက်ပွဲကို အဓိကထားပြီး လေ့ကျင့်မယ်။ ဒီနေ့က ပထမဦးဆုံး လက်နက်မဲ့ အနီးကပ်တိုက်ပွဲအတွက် လေ့ကျင့်မယ်၊ လက်နက်မဲ့ အနီးကပ် တိုက်ခိုက်ရေး အမျိုးအစားတွေ အများကြီးရှိတယ်၊ ကရာတေး၊ တိုက်ကွန်ဒို၊ မွေထိုင်း၊ ဂျူဒို၊ စန်ဒါ(ကိုယ်ခံပညာပေါင်းစုံ)...

သူမ စကားမဆုံးခင်မှာ ရယ်မောသံခပ်တိုးတိုးတစ်ခု ထွက်လာတာကြောင့် ကုယွင်က အသံထွက်လာတဲ့နေရာကို ချက်ချင်း လှမ်းကြည့်လိုက်သည်။ ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်ဝန်းကျင်ခန့် လူငယ်တစ်ယောက်က ထူးထူးခြားခြား မျက်နှာထားဖြင့် ရပ်နေသည်။ သူ့ကို သန်မာသောယောကျ်ားဟုတစ်ယောက်ဟု ယူဆနိုင်သည်။ သူက မျက်နှာမှာ ရွှံ့များဖုံးလွှမ်းနေသော်လည်း မိုက်မဲစွာ ပြုံးနေသေးသည်။

ကုယွင်က သူ့အနားကို ဖြည်းညှင်းစွာ လျှောက်လာပြီး "ဘာလို့ ရယ်နေတာလဲ"

"ဂျူဒိုဆိုတာ ဘာလဲ၊ မိန်းမတွေ ကစားတဲ့ ကစားနည်းတစ်ခုလား"

ကောင်လေးက သူ့အပြုံးကို မျိုသိပ်ထားပေမယ့် သူ့အသံမှာ ရယ်သံတွေပါနေတုန်းပါပဲ။

ကုယွင်၏မျက်လုံးများက အရောင်တလက်လက် တောက်ပလာသည်။

အရမ်းကောင်းတယ်၊ တကယ်ကို သေမှာ မကြောက်တဲ့သူတွေ ရှိနေသေးတယ်။

ကုယွင်က သူ့ပခုံးကို ပုတ်လိုက်ပြီး အပြုံးတစ်ဝက်နဲ့ "မင်း လူတန်းထဲကနေ ထွက်သွား"

သူမပုံစံက အလွန်ပေါ့ပါးနေသော်လည်း အမှန်တကယ်တွင် သူ့ပခုံးပေါ်သို့ အင်အားကြီးမားစွာ ကျရောက်လာသည့်လက်က ကောင်လေး၏နှလုံးသားကို အကြောင်းပြချက်မရှိဘဲ တုန်လှုပ်သွားစေခဲ့သည်။ ယခုအချိန်တွင် ကုယွင်၏အပြုံးမှ ထူးဆန်းမှုကို သူ ခံစားလိုက်ရသော်လည်း လူတန်းထဲမှ မထွက်ဘဲ နေလို့ မရနိုင်တော့ပေ။ ကောင်လေးက ကုယွင်နောက်ကိုသာ သတိကြီးကြီးနဲ့ လိုက်သွားရတော့သည်။ ရုတ်တရက် တိုက်ခိုက်မှုကို သတိထားနေရင်းနဲ့ပေါ့...

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now