Chapter 8.4

546 61 4
                                    

အခန်း ၈ ရွှေအမှုဟောင်း (အပိုင်း ၄)

မြို့တော်၏အပြင်ဘက်မှ မြို့စောင့်တပ်စခန်းနေရာတွင်...

ကျယ်ပြောလှသော နေရာလွတ်က စနစ်တကျတန်းစီထားသည့် စစ်သည်များနှင့် ပြည့်နေသည်။ ကြက်သွေးရောင်ထနေသော အနီရင့်ရောင်တောက်တောက် အလံများပေါ်ရှိ "စု" ဟူသော စာလုံးကြီးက အနည်းငယ် ပြိုးပြိုးပြက်ပြက်လက်နေပြီး ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခု ဖြစ်နေပုံရသည်။ ကုယွင်က အနည်းငယ်စွေကြည့်လိုက်ရာ ရှေ့မလှမ်းမကမ်းတွင် တန်းစီနေသော လမ်ရှောင်းကို တွေ့လိုက်ရသည်။ လမ်ရှောင်းကလည်း သူမ၏အကြည့်ကို အာရုံခံမိပုံရကာ တချက်ပြန်ကြည့်လာသည်။ ကုယွင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် လမ်ရှောင်း၏ပုံမှန်အားဖြင့် ဘာမှမထူးခြားတက်သော နှုတ်ခမ်းထောင့်များက တကယ်ကို ကြွတက်လာခဲ့သည်။

ကုယွင်က ခပ်ဖွဖွ ပြန်ပြုံးပြလိုက်သော်လည်း လူတန်းနားသို့ နောက်တစ်ကြိမ် မချဉ်းကပ်ခဲ့ပေ။ စုရန်နှင့် အသက်ငါးဆယ်ခန့်ရှိ အမျိုးသားတစ်ဦးက အဖွဲ့၏ရှေ့တွင် ရပ်နေပြီး သူတို့ ဘာပြောနေသည်ကို မသိနိုင်ပေ။ ကုယွင်က ထိုစကားများကို နားမထောင်ဘဲ သူမ ပုံမှန်ဝတ်လေ့ရှိသော အနက်ရောင်အဝတ်အစားများကို ၀တ်ဆင်ထားသော သူမ၏ခန္ဓာကိုယ်ကို စခန်း၏အလံတိုင်ပေါ်မှီထားရင်း မျက်လုံးထားမှိတ်ကာ သူတို့၏ဆွေးနွေးမှု ပြီးဆုံးမည့်အချိန်ကိုသာ စောင့်ဆိုင်းနေလိုက်သည်။

"သခင်မ... မင်း တကယ်ရောက်လာတာလား!" အမလေး.... ငါ့နားတွေ!!! သူမနားထဲမှ ကျယ်လောင်သော အသံကြောင့် ကုယွင်က မျက်လုံးများကို အားကိုးရာမဲ့ ဖွင့်ကြည့်လိုက်သည်။ ဟန်ရှု၏ အရပ်ရှည်သော အသွင်အပြင်က သူမရှေ့တွင် ရပ်နေပြီး တောက်ပစူးရှသော နေရောင်ကိုတောင် ပိတ်ဆို့ထားလေသည်။

သခင်မ?! ကုယွင်က ထိတ်လန့်သွားသည်။ ငါက ဘယ်တုန်းက သခင်မဖြစ်သွားတာလဲ??!

ထိုနေ့ ပြိုင်ပွဲအပြီးတွင် သူမ၏အမည်က စစ်သူကြီးအိမ်တော်တစ်ခွင်သို့ ချက်ချင်း ပျံ့နှံ့သွားသည်ကို သူမ မသိခဲ့ပေ။ သူမက လက်ထောက်စစ်သူကြီးစုကို အနိုင်ယူလိုက်ခြင်းက လူတိုင်းကို အံ့အားသင့်စေခဲ့သော အောင်မြင်မှုဖြစ်သည်။ ညတိုက်ခိုက်ရေးတိုက်ပွဲ၏ အသေးစိတ်အချက်အလတ်တိုင်းကို မရေမတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ ပြန်လည် ပြောဆိုနေကြသည်။ ထိုအပြင် သူမလေ့ကျင့်ပေးထားသော တပ်သားသစ်များက အမှန်တကယ်ပင် အစွမ်းထက်နေပြီး ထည့်သွင်းစဥ်းစားရမည့် အင်အားစုများ ဖြစ်လာခဲ့သည်။ စစ်တပ်ဆိုသည့်နေရာက နဂိုကတည်းက ကိုယ်ခံပညာကို လေးစားသူများ ရှိနေသည့် နေရာတစ်ခုဖြစ်သည်။ ထိုကြောင့် သူမက နေ့ချင်းညချင်း ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့သည်။ တပ်မှူးက သူမကို "မရီး"ဟု ခေါ်ဝေါ်နေခဲ့တာကြောင့် သူမကမှ "သခင်မ" ဟူသော အမည်ကို အခေါ်မခံရလျှင် ထိုအရာက မည်သူနှင့်မျှ ထိုက်တန်သော အရာ မဟုတ်နိုင်တော့ပေ။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now