Chapter 10.5/10.6

518 69 3
                                    

အခန်း ၁၀ ကျီးပါးစပ်ချိုင့်ဝှမ်း (အပိုင်း ၅)

"ဒီနေရာက ရှုခင်းတွေက ဒီလောက်လှမယ်လို့ မမျှော်လင့်ထားမိဘူး၊ ဝိုင်လေးသောက်ပြီး လပြည့်ညကို ရှု့စားရရင် အရမ်းကောင်းမယ်"

သူတို့မျက်စိရှေ့တွင် မြင်နေရသော စိမ်းစိမ်းစိုစိုနေရာများနှင့် ရေခိုးရေငွေ့များက အုံ့ဆိုင်းနေပေမယ့် လန်းဆန်းတက်ကြွမှုကိုတော့ ခံစားရစေသည်။ ဆိတ်ငြိမ်သော ဤချိုင့်ဝှမ်းက နေရာ ကောင်းတစ်ခုဖြစ်ပြီး နောင်တွင် ဤနေရာသို့ မကြာခဏ လာရောက်လည်ပတ်သင့်သည်။

မူရိက ချိုင့်ဝှမ်းအစွန်းတွင် ရပ်နေပြီး သူ၏အနီရောင်ဝတ်စုံနှင့် စိမ်းလန်းစိုပြေသောပတ်ဝန်းကျင်၏ပေါင်းစပ်မှုက စိတ်ကူးယဉ်ဆန်သော ရှုခင်းတစ်ခုကို ဖန်းတီးပေးနိုင်ခဲ့သည်။ မူရိကိုယ်တိုင်ကတော့ သူ့၏တည်ရှိနေခြင်းက စိမ်းလန်းစိုပြေသော ပတ်ဝန်းကျင်ကို အရောင်ပြောင်းစေခဲ့သည်ကို သိပုံမပေါ်ပေ။ ကုယွင်က သူလို အပန်းဖြေဖို့ ဒိနေရာကို ရောက်နေတာ မဟုတ်တာကြောင့် သူမမှာ ပိုအရေးကြီးတာတွေ လုပ်စရာရှိနေခဲ့သည်။

ကုယွင်က ခေါင်းကို မော့လိုက်ပြီး မြင့်သောသစ်ပင်ကြီးတစ်ပင်ကို ကြည့်ကာ လမ်ရှောင်းနှင့် လျိုရှင်းကို လှမ်းပြောလိုက်သည်။ "လမ်ရှောင်း၊ လျိုရှင်း၊ မင်းတို့နှစ်ယောက် တစ်ယောက်က ဘယ်ဘက်ကိုသွား နောက်တစ်ဘောက်က ညာဘက်ကို သွား၊ ပြီးရင် အမြင့်တစ်နေရာရှာပြီး ပတ်ဝန်းကျင်ကို အပေါ်စီးကနေ ငုံ့ကြည့်ပြီး မင်းတို့ မြင်နေရတဲ့အရာတွေကို သေချာ ပြန်ပြောပြ၊ အဲ့တာတွေကို မြေပြင်ပေါ်ကနေ ပုံပြန်ဆွဲနိုင်ဖို့ အချိုးအစားတွေကို သေချာအာရုံစိုက်"

"ဟုတ်ကဲ့​" သူတို့နှစ်​​ယောက်က ဘာမှ ပြန်မပြောဘဲ​ မြင့်မားသော ​သစ်​ပင်​ကြီးတစ်​ပင်စီ​ကို ​ရွေးချယ်​ပြီး အပေါ်တက်ရန် အာရုံစိုက်​လိုက်ကြ​သည်​။ ခဏအကြာတွင်​ သူတို့နှစ်​​ယောက်က​ သစ်​ကိုင်းထိပ်​ပေါ်သို့ ရောက်သွားပြီး သစ်​ကိုင်း​ပေါ်တွင်​ အကျအန ထိုင်ကာ​ ကုယွင်ထံသို့ အချက်ပြလိုက်​သည်​။ ထိုနောက် မနက်ခင်းတုန်းက လက်ခဲ့ရရှိခဲ့သော မီးသွေးနဲ့ စက္ကူများကို ထုတ်ယူကာ ပတ်ဝန်းကျင်မှ အရာများကို ကြည့်ရင်း ပုံဆွဲခြင်းကို လေးလေးနက်နက် စတင်လိုက်ကြသည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များTempat cerita menjadi hidup. Temukan sekarang