Chapter 6.3

542 69 0
                                    

အခန်း ၆ သွေးပူလေ့ကျင့်ခန်း (အပိုင်း ၃)

ကုယွင်က အဖွဲ့ရှေ့မှာ ရပ်လိုက်ပြီး "ကောကျင့်ယွင်နဲ့ လမ်ရှောင်း ထွက်လာခဲ့"

"ဟုတ်ကဲ့" သူတို့နှစ်ယောက်က ရှေ့ကို လှမ်းလာကြပြီး လမ်ရှောင်း၏မျက်နှာက ဘာအမူအရာမှ ထုတ်ဖော်မပြထားပေမယ့် ကောကျင့်ယွင်၏မျက်နှာကတော့ ဒေါသတွများဖြင့် ပြည့်နေခဲ့သည်။

ကုယွင်က သူတို့နှစ်​​ယောက်​ကြားကို ​လျှောက်​သွားလိုက်ပြီး အေးစက်​စွာဖြင့် "မင်းတို့နှစ်​​ယောက်​ ဘာတွေလုပ်​​နေကြတာလဲ"

ကုယွင်ပြောပြီးတဲ့ နောက်မှာ ကောကျင့်ယွင်က "သူက စည်းမျဥ်းတွေကို မလိုက်နာဘူး။ သူက ခံစစ်ဘက်မှာ ရှိပေမယ့် စခန်းကို သေသေချာချာ မစောင့်ဘူး။ သူက ကျွန်တော်တို့ကို လမ်းတစ်ဝက်မှာ ချုံခိုတိုက်ခိုက်တယ်။ သူက အရင်လှည့်စားတဲ့သူပဲ!"

ထိုးစစ်နဲ့ ခံစစ်ကို နှစ်ဦးနှစ်ဘက် သေချာခွဲထားခဲ့တာ သိသာထင်ရှားနေတယ်လေ။

"ဘာမှ မဖြစ်ဘူး!" ကောကျင့်ယွင်က အရမ်းဒေါသထွက်နေပုံရပြီး ကုယွင်က "စစ်ပွဲတွေအားးလုံက တရားမျှတတယ်လို့ မရှိဘူး၊ စစ်သည်တစ်ယောက်က ဘယ်တော့မှ လှည့်စားမှုတွေကနေ မရုန်းထွက်နိုင်ဘူး! မင်းတို့ကို သွားစတိုက်ဖို့ ခွင့်မပြုဘူးလို့ ငါ ပြောခဲ့လို့လား။ စစ်မြေပြင်မှာ လုံးဝ ထိုးစစ်နဲ့ တိုက်စစ်၊ တိုက်ခိုက်သူနဲ့ ခုခံကာကွယ်သူဆိုပြီး ဘယ်တော့မှ မရှိပါဘူး၊ မင်းတို့က ဒီလေ့ကျင့်ခန်းကို တကယ့်တိုက်ပွဲလို့ လုံးဝမမှတ်ယူထားပါဘူး။ ငါကို့ပြောစမ်းပါဦး၊ မင်း ရန်သူနဲ့ရင်ဆိုင်ရတဲ့အခါ ရန်သူက မင်းကို လာမတိုက်သေးရင် မင်းက စိတ်အားထက်သန်စွာနဲ့ အရင်သွား မတိုက်ဘဲ အေးအေးဆေးဆေး ထိုင်စောင့်နေမှာလား???"

ကောကျင့်ယွင်က သူ မတရားအော်ဟစ်ခြင်းကို ခံနေရသည်ဟု ခံစားမိတာကြောင့် သူက သူ့လက်ထဲမှ အလံကို မြှောက်ပြလိုက်ပြီး "ကျွန်တော်က အောင်ပွဲအလံကို ရခဲ့တယ်"

လမ်ရှောင်းက လှည့်စားခဲ့ပေမယ့် သူက အောင်နိုင်ခဲ့တယ်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now