Chapter 11 (5,6)

472 61 1
                                    

အခန်း ၁၁ လူမဆန်တဲ့ လေ့ကျင့်ရေး (အပိုင်း ၅)

လူတိုင်းက အံ့အားသင့်နေပြီး ရွံရှာမှုအပြည့်နဲ့ တုံ့ပြန်ခဲ့ကြပေမယ့် ကုယွင်ကတော့ အရမ်းကျေနပ်ပုံပေါ်နေသည်။ သူမက ထိုင်ချလိုက်ပြီး အသက်ရှင်နေသေးသော ဖားတစ်ကောင်ကို ဆွဲယူလိုက်သည်။ ကုယွင်က "တကယ်တော့ မိုးသစ်တောမှာ အစားအစာ တကယ်ပေါပါတယ်၊ မိုးရွာနေရင် နေရာတိုင်းမှာ စားစရာရှိတယ်။ ဒီတောအုပ်ရဲ့ ဘယ်နေရာကိုပဲ ကြည့်ကြည့် စားစရာရှိတယ်၊ ဒါပေမယ့် မေးရမှာက... မင်းတို့ စားရဲလား၊ ဘယ်လိုစားရမယ်ဆိုတာကို သိလား?"

စားရမှာလား??? နောက်ဆုံးတွင် အရာရှိများနှင့် စစ်သည်များအားလုံး သဲလွန်စရလိုက်ကြပြီး သူတို့၏ အမူအရာများ ပြောင်းလဲသွားကြသည်။

ကုယွင်က သူမခါးမှ ဓားမြှောင်ငယ်တစ်ချောင်းကို ထုတ်ယူကာ သစ်တောဖား၏ အောက်မေးရိုးနေရာကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး ထိုနေရာကို ဓားမြှောင်ငယ်ဖြင့် ခပ်ဖွဖွခြစ်ကာ ဖား၏အရေခွံကို သပ်သပ်ရပ်ရပ် ဖယ်ထုတ်လိုက်သည်။ သူမ၏နည်းစနစ်က အလွန်မြန်ဆန်ပြီး အရေခွံ ခွာခံထားရတာတောင် သစ်တောဖားက လှုပ်ရှားနေသေးသည်။ ကုယွင်က သူမ၏မျက်လုံးများကို ပြန်မော့လာခဲ့ပြီး မတ်တပ်ထရပ်ကာ တပ်ဖွဲ့၏ရှေ့ဆုံးတန်းဆီသို့ လျှောက်သွားလိုက်သည်။ သူမက သူမကို ပြတ်ပြတ်သားသား စူးစိုက်ကြည့်နေသော စစ်သည်တစ်ဦး၏ရှေ့သို့ ဖားကို ပြလိုက်ကာ ခပ်ပြုံးပြုံးဖြင့် "ဒီဖားရဲ့အရေခွံက စားလို့မရဘူး၊ ဒါပေမယ့် အသားကတော့ အရမ်း စားလို့ အရမ်းကောင်းတယ်"

လော့ရန်က ဖားကို လှမ်းမယူဘဲ သူ့၏နက်မှောင်သော မျက်လုံးများက ကျဉ်းမြောင်းသွားကာ ကုယွင်၏ပြုံးနေသော မျက်လုံးများကို ရင်ဆိုင်နေခဲ့သည်။ ကုယွင်က ရယ်မောလိုက်ပြီး "မင်းက ဖားတွေကို မကြိုက်ဘူးလား၊ အဲ့တာဆိုရင် မြွေနဲ့ လောက်တွေကလည်း စားလို့ကောင်းပါတယ်၊ ကြိုက်တာရွေးလို့ရတယ်"

ကုယွင်၏နောက်ပြောင်နေသည့် လေသံနှင့် စကားလုံးများက လော့ရန်ကို ပို၍ပင် မကျေမနပ် ဖြစ်စေသည်။ သူက ကုယွင်ကို အေးစက်စွာ စိုက်ကြည့်နေပြီး ပြန်ပြောရန် စကားလုံးများက သူ့လည်ချောင်းဝသို့ ရောက်နေသော်လည်း တင်းကျပ်သော စစ်စည်းကမ်းကြောင့် ဤအချိန်တွင် သူ သူမကို ပြန်မပြောနိုင်ပေ။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now