Chapter 2.4

610 81 5
                                    

အခန်း ၂ စစ်ရေးအင်အား (အပိုင်း ၄)

ကုယွင်က သူမရှေ့မှ အမူအရာကင်းမဲ့ပြီး ဘာမှမထူးခြားသောမျက်နှာများကို စိုက်ကြည့်ရင်း အလေးအနက်မထားဘဲ ပြတ်ပြတ်သားသားအသံနဲ့ "အခု သွေးပူလေ့ကျင့်ခန်းလုပ်ပြီးပြီးဆိုတော့ မင်းတို့ရဲ့ အရည်အချင်းအလိုက် မင်းတို့ရဲ့နေရာကို ဆုံးဖြတ်ပေးမယ်။ နောက်နှစ်ပတ်အတွက် ငါက မင်းတို့ကို လေ့ကျင့်ပေးမယ်။ ငါက မင်းတို့ရဲ့ လေ့ကျင့်ရေးမှူးပဲ၊ ငါ့နာမည်က ချင်းမော့၊ မင်းတို့ ငါ့ကို ခေါင်းဆောင် ဒါမှမဟုတ် လေ့ကျင့်ရေးမှူးလို့ ခေါ်နိုင်တယ်"

သူမ၏ ပြင်းထန်သောအသံ မှိန်ဖျော့သွားသည်နှင့်တပြိုင်နက် စစ်သားများက မျက်မှောင်ကြုတ်နေသည်ကို ကုယွင်က ချက်ချင်းသတိပြုမိကာ "ဘာပြဿနာရှိလို့လဲ"

ခေါင်းဆောင်လို့ ခေါ်ခိုင်းတာကို မှားနေတယ်လို့ ခံစားနေကြတာလား???

ကုယွင်၏ဘေးတွင် ရပ်နေသောစစ်သားက အသံတိုးတိုးနဲ့ ပြန်ပြောလာသည်။ "သခင်မ၊ ဒါက ယုတ္တိမရှိပါဘူး"

စစ်တပ်တွင် တင်းကျပ်သော အထက်တန်းအဆင့်စည်းကမ်းများရှိပြီး သူမက စစ်သူကြီး၏ကိုယ်လုပ်တော်ဖြစ်နေပေမယ့် သူမက မည်သူကိုမျှ မကျော်လွန်နိုင်ပေ။

သခင်မ? ကုယွင်က အဲ့တာကို ကြားလိုက်တာနဲ့ သူမတစ်ကိုယ်လုံး တုန်လှုပ်ခြောက်ခြားသွားသည်။ သူမက ထိုလူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး "လေ့ကျင့်နေစဉ်မှာ ငါ့စကားတွေက အမိန့်ပဲ!"

တပ်သားသစ်များက ခဏတာ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် "ဟုတ်ကဲ့" ဟု တညီတညွတ်တည်း ပြန်ဖြေလာကြသည်။ ဘာပဲဖြစ်ဖြစ်၊ လဝက်လောက်ပါပဲ...

"ကောကျင့်ယွင်နဲ့ လမ်ရှောင်း... ထွက်လာခဲ့!"

သူတို့နှစ်ယောက်ရဲ့မျက်လုံးထဲမှာ လျှို့ဝှက်အတွေးများ ရှိနေကြသည်။ ဒီမိန်းခလေးက ဘာလုပ်ချင်နေတာလဲ?? သူတို့က အံ့သြပြီး သံသယဝင်နေပေမယ့် သူတို့နှစ်ယောက်လုံး ရှေ့ကို တိုးလာပြီး သာမာန်အမူအရာတွေနဲ့ တန်းစီနေတဲ့လူတွေရဲ့ရှေ့ကို လျှောက်သွားလိုက်ကြသည်။ ကုယွင်က သူမရှေ့ကို ရောက်လာတဲ့ သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး "အခုကစပြီး အဖွဲ့နှစ်ဖွဲ့ ခွဲမယ်။ မင်းတို့က အခုန စမ်းသပ်မှုမှာ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ မင်းတို့ကို ဒီအဖွဲ့နှစ်ဖွဲ့ရဲ့ အဖွဲ့မှူးအဖြစ် ခန့်အပ်မယ်"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now