Chapter 13 (7,8)

394 48 0
                                    

အခန်း ၁၃ ကြေကွဲဖွယ်ကောင်းသော လက်ရွေးစင်များ (အပိုင်း ၇)

လက်ထောက်ယုက အံ့အားသင့်သွားသည်။ စိတ်ရှည်သည်းခံတက်ပြီး စိတ်ဓာတ်ခိုင်မာသော အမျိုးသမီးတစ်ဦးက ဤမျှအထိ ဆွဲဆောင်မှုရှိနေသည်ကို သူ ဘယ်တုန်းကမှ မသိခဲ့ပေ။ သူတို့ရဲ့စစ်သူကြီးအတွက် တကယ်ကို ဝမ်းသာမိတယ်။

လက်ထောက်ယုက အထည်အိတ်ကို သိမ်းဆည်းလိုက်ပြီး စခန်းသို့ပြန်ရန် သူ့အရှိန်ကို မြှင့်တင်လိုက်သည်။

သူမ နောက်ထပ် တစ်ရှီးချန်လောက်တော့ အိပ်နိုင်မှာပါ။

ကုယွင်က သစ်ပင်ပင်စည်ကို မှီထားပြီး မျက်လုံးများကို မှိတ်ချထားကာ ခဏအနားယူနေခဲ့သည်။

အမွှေးတိုင်တစ်ဝက်လောက်ကြာပြီးချိန်တွင် သူမလက်ထဲမှ ပင်းလျန့်က ရုတ်တရက် အနည်းငယ် လှုပ်ရှားလာသည်။ ကုယွင်က ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်ပြီး အလျင်အမြန် မတ်တတ်ထရပ်ကာ သတိအနေအထားဖြင့် ပတ်ဝန်းကျင်ကို စောင့်ကြည့်နေခဲ့သော်လည်း အရာအားလုံးက အလွန်အေးချမ်းပြီး ဘာမှ မထူးဆန်းပုံရသည်။

ကုယွင်က သူမလက်ထဲမှ ပင်းလျန့်ကို စိတ်ရှုပ်စွာ ကြည့်နေမိသည်။ ပင်းလျန့်က လှုပ်နေတုန်းပါပဲ။ ဒါက ဘာကို ဆိုလိုတာလဲ??!

ကုယွင်က ပင်းလျန့်ကို သူမလက်ထဲတွင် ကိုင်ထားပြီး အရှေ့ဘက်သို့ လျှောက်သွားလိုက်ချိန်တွင် ပင်းလျန့်က ပိုမိုဆိုးရွားစွာ တုန်လှုပ်လာသည်ကို တွေ့လိုက်ရသည်။ ကုယွင်က ထိုလမ်းကြောင်းအတိုင်း သတိထားပြီး ရှေ့သို့ တလှမ်းချင်း လျှောက်သွားလိုက်သည်။ သူမ တစ်ကီလိုမီတာခန့်အကွာလောက်အထိ လမ်းလျောက်ပြီးချိန်တွင် ပင်းလျန့်က ရုတ်​တရက်​ ရပ်တန့်​သွားသည်​။

ကုယွင်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သော်လည်း နေရာတိုင်းမှာ စိမ်းစိုနေတဲ့ သစ်ပင်တွေကလွဲပြီး ဘာမှ မရှိပါဘူး။ ဘာဖြစ်တာလဲ? ပင်းလျန့်က သူမနဲ့ ကစားချင်နေတာလား??! ကုယွင်က ပင်းလျန့်ကို စိုက်ကြည့်နေရင်း သူမမျက်လုံးထောင့်မှ မဝေးလှသော နေရာတွင် အစိမ်းရောင်အရိပ်တစ်ခုရှိနေသည်ကို မြင်လိုက်ရပြီး ထိုအရိပ်က ကုယွင်၏ အာရုံကို ဖမ်းစားလိုက်သောကြောင့် သူမက အော်မေးလိုက်သည်။ "ဘယ်သူလဲ"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now