Chapter 3.2

615 73 7
                                    

အခန်း ၃ နတ်ဆိုးစစ်ရေးနည်းပြ (အပိုင်း ၂)

"မင်းတို့ရဲ့ သဲအိတ်တွေကို ပြန်ချွတ်လို့ ရပြီ"

ထိုမှသာလျှင် စစ်သည်များက သူတို့ကို အမှန်တကယ် လေ့ကျင့်ပေးနေသူမှာ သူတို့ရှေ့မှ နတ်ဆိုးနှင့်တူသော မိန်းမဖြစ်သည်ကို သတိရမိတော့သည်။ တပ်သားများက သဲအိတ်များကို ချွတ်ပြီးနောက် ရှေ့တည့်တည့်ကို စိုက်ကြည့်နေကြသည်။

ကုယွင်က လက်နှစ်ဘက်ကို နောက်ကျောမှာ ပစ်ထားပြီး "ဒီနေ့ လေ့ကျင့်ရေး သုံးခုရှိတယ်။ ပထမတစ်ခုက ခုခံမှု လေ့ကျင့်ခန်း၊ ဒုတိယကတော့ တိုက်ခိုက်ရေးလေ့ကျင့်ခန်း၊ တတိယကတော့ ကျောက်တောင်တက်လေ့ကျင့်မှုပဲ"

အံ့သြနေပြီး မေးခွန်းထုတ်ချင်နေသည့် ပဟေဋ္ဌိမျက်တစ်စုံက သူမကို စိုက်ကြည့်နေသည်။ ကုယွင်က သူတို့နဲ့ စကားပြောရတာ လွယ်ကူနေပုံ ရသည်။ သူမက နှုတ်ခမ်းထောင့်တွေကို ပင့်လိုက်ပြီး "ငါက ပွင့်လင်းပြီး မျှတတဲ့သူပဲ၊ မေးစရာရှိရင် လေ့ကျင့်ရေး မစခင်မှာ ‌မေးနိုင်တယ်၊ လေ့ကျင့်ရေးစမှ မေးခွန်းတွေကြောင့် တုံ့ဆိုင်း မနေချင်ဘူး၊ မေးချင်သူတိုင်းက လက်ကို မြှောက်လိုက်၊ ငါက ပြောဆိုရင် စပြောနိုင်တယ်"

ကုယွင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူမ၏ ငြိမ်သက်နေသော မျက်လုံးများအောက်တွင် မည်သူမျှ လက်ကို မမြှောက်ရဲပေ၊ ခနအကြာတွင် တစ်စုံတစ်ယောက်က သတ္တိကို စုဆောင်းသွားနိုင်ပုံရကာ နက်မှောင်သန်စွမ်းသောလူငယ်တစ်ဦးက သူ့လက်ကို မြှောက်လိုက်သည်။

ကုယွင်က သူ့ကို စိုက်ကြည့်ကာ "မင်း...ပြော"

လူငယ်က အသက်ကို ပြင်းပြင်းရှူ‌လိုက်ပြီး "ဒါက စစ်ရေးလေ့ကျင့်မှုလို့ယူဆရင် မင်းက ငါတို့ကို စစ်မြေပြင် တိုက်ခိုက်ရေးနည်းလမ်းတွေ သင်ပေးရမှာ မဟုတ်ဘူးလား? မင်းက ငါတို့ကို ဒီလိုမျိုး ပြေးလွှားရတဲ့ တခါမှ မကြားဖူးတဲ့ အရာတွေကို လေ့ကျင့်စေချင်တယ်။ ဘာကြောင့်လဲ?"

သူတို့က လေ့ကျင့်ရေးအခက်အခဲကို မကြောက်ကြပေမယ့် အသုံးမဝင်တဲ့ နည်းလမ်းတချို့ကိုတော့ မလေ့လာချင်ကြပါဘူး၊ ပြီးတော့ လဝက်ကြာတဲ့အခါမှာလည်း ဆိုးဆိုးဝါးဝါး မရှုံးနိမ့် ချင်ပါဘူး။ ဤသည်မှာ စစ်သားအားလုံး၏ အသံသာမက ဟန်ရှု၏ သံသယများလည်း ပါ၀င်နေသည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now