Chapter 2.5

633 85 10
                                    

အခန်း ၂ စစ်ရေးအင်အား (အပိုင်း ၅)

ကုယွင်က ခြံတံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်ပေမယ့် အထဲမှာ ဘယ်သူမှ မရှိဘူး။ ကုယွင်က သူမပခုံးကို ဟန်ပါပါတွန့်ပြီး ပြန်ထွက်သွားဖို့ စဥ်းစားလိုက်ပေမယ့် သူမက ပင်းလျန့်ကို ရုတ်တရက် လွမ်းဆွတ်သွားခဲ့သည်။ ထိုအရာက သူမကို ဘယ်တော့မှ မမေ့စေနိုင်တဲ့ ဓားကောင်းတစ်လက်ပါပဲ။ ခြံဝင်းထဲမှာ ဘယ်သူမှ မရှိတာကြောင့် သူမ သွားစစ်ဆေးလိုက်တာက သင့်တော်တယ်မလား?

ကုယွင်က ခြံဝင်းထဲသို့ ပြေးဝင်သွားပြီး သူမ နေခဲ့ဖူးသော အခန်းထဲသို့ လျင်မြန်စွာ ဝင်ရောက်လာခဲ့သည်။ ကျောက်စိမ်းဖြူရောင် ဓားရှည်ကို နံရံပေါ်တွင် ချိတ်ဆွဲထားဆဲဖြစ်ပြီး သူ့တစ်ကိုယ်လုံးက အေးစက်သော ငွေရောင်အလင်းတန်းများဖြင့် တောက်ပနေသည်။ ကုယွင်က ခြေဖျားထောက် မတ်တပ်ရပ်လိုက်ပြီး ပင်းလျန့်ဆီသို့ သူမလက်ကို ဆန့်တန်းလိုက်ချိန်တွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။ ကုယွင်က ထိတ်လန့်တုန်လှုပ်သွားပြီး ဘေးတိုက် လျင်မြန်စွာ ရှောင်ထွက်လိုက်သည်။ ပေါက်ကွဲသံနှင့်အတူ သူမဘေးရှိ သစ်သားကုလားထိုင်က နှစ်ခြမ်းကွဲသွားသည်။

ကုယွင် မော့ကြည့်လိုက်တော့ အဲဒီလူက အရပ်နှစ်မီတာနီးပါးရှိပြီး တောင်ကြီးလို ကျယ်ပြန့်တဲ့ ကိုယ်ခန္ဓာရှိကာ အလွန်သန်မာပုံရသည်။ သူ့လက်ထဲမှာတော့ ချွန်ထက်တဲ့ အသွားနှစ်ဖက်ပါတဲ့ လှံပုဆိန်ကို ဆုတ်ကိုင်ထားသည်။ ကုယွင်က သူမဘေးနားရှိ သစ်သားကုလားထိုင်ကို ကြည့်လိုက်ပြီး လျှို့ဝှက်စွာ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူမကိုသာ ထိမိခဲ့ပါက သူမလည်း ထိုလေးလံသော သစ်သားကုလားထိုင်ကဲ့သို့ အပိုင်းပိုင်းကွဲသွားပေလိမ့်မည်။

(Halberd_ လှံပုဆိန်_ အဖျားတွင် လခြမ်းပုံ ပုဆိန်သွားတပ်ဆင်ထားသည့် အလယ်ခေတ်စစ်တိုက်ရာတွင် သုံးသည့်လှံရှည်)

"ရဲတင်းလိုက်တဲ့ သူခိုး... စစ်သူကြီးအခန်းထဲက ဓားကိုတောင် ဝင်ခိုးရဲတယ်!" ဟန်ရှု၏ ကျယ်လောင်သော အသံက လူအများ၏နားစည်ကိုတောင် တုန်လှုပ်စေနိုင်လောက်သည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now