Chapter 3.4

610 78 5
                                    

အခန်း ၃ နတ်ဆိုးစစ်ရေးနည်းပြ (အပိုင်း ၄)

"နားလည်ပါပြီ!"

ကုယွင်က နောက်ဆုံးတွင် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ မနေ့က အင်အားပြသမှုက များစွာ အကျိုးသက်ရောက်ခဲ့သေးသည်။

"တချို့ ကိုယ်ခံပညာ လှုပ်ရှားမှုတွေက အရမ်းလှပြီး ချောချောမွေ့မွေ့ စွမ်းဆောင်နိုင်ပေမယ့် အဲဒါတွေက ရန်သူကို တကယ်ရင်ဆိုင်ရတဲ့အခါ အသုံးမဝင်ဘူး၊ အနီးကပ် တိုက်ခိုက်မှုရဲ့ အကွာအဝေးက တိုတောင်းပြီး လက်ဗလာနဲ့ ပြုလုပ်ရင် ပိုအန္တရာယ်များတယ်၊ အဲ့တာကြောင့် ရန်သူနဲ့ရင်ဆိုင်ရတဲ့အခါ ရန်သူရဲ့ အထိခိုက်လွယ်ဆုံး အနေအထားကို ရှာပြီး အပြင်းထန်ဆုံး ခွန်အားနဲ့ တိုက်ခိုက်ရမယ်၊ မြန်မြန်ထိုးရမယ်၊ တိတိကျကျ လှုပ်ရှားပြီး မင်းပြိုင်ဘက်ကို အမြန်ဆုံး ဖြိုချနိုင်လောက်အောင် ပြင်းပြင်းထန်ထန် ရိုက်နှက်ရမယ်"

ကုယွင်က စကားပြောနေစဉ်တွင် သစ်ကိုင်းတစ်ကိုင်းကို မြေပြင်မှ ရုတ်ချည်းဆွဲထုတ်ကာ တပ်သားငယ်တစ်ယောက်ကို လက်ညှိုးထိုးပြလိုက်ပြီး အေးစက်သောလေသံဖြင့် "ထွက်လာ"

တပ်သားလေးက မြန်မြန်ထွက်လာခဲ့ပေမယ့် သူ့နှလုံးသားကတော့ ခုန်နေတုန်းပါပဲ။ သူတို့ ကုယွင်ကို နားမလည်တာ သေချာနေသည်။ ကုယွင်က သူ့ကို ရိုက်ချင်ရင် သစ်ကိုင်းအစား သံနှင်တံကို သုံးမှာ သေချာတယ်။

"နား၊ မျက်လုံး၊ နှာခေါင်း၊ ခေါင်းနောက်ဘက်၊ အသံအိုး၊ လည်ချောင်း၊ လည်ပင်း၊ ညှပ်ရိုး၊ ချိုင်းကြား၊ နံရိုး၊ နံကြား၊ ကျောရိုး၊ လက်ကောက်ဝတ်အဆစ်တွေနဲ့ အခြားအစိတ်အပိုင်းတွေ အားလုံးက လူ့ခန္ဓာကိုယ်ရဲ့ နုနယ်တဲ့ အစိတ်အပိုင်းတွေပဲ။ အဲဒါတွေက မင်းတို့ တိုက်ခိုက်ဖို့ အာရုံစိုက်သင့်တဲ့ အစိတ်အပိုင်းတွေပဲ"

ကုယွင်က ရှင်းပြနေရင်း တပ်သားလေး၏ ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးကို အကိုင်းအခက်ဖြင့်ထောက်ကာ အကူပစ္စည်းအဖြစ် အသုံးပြုပြီး ဖြည်းညင်းစွာ ရှင်းပြသော်လည်း ကောင်လေးကတော့ ကြောက်ရွံ့မှုကြောင့် ဖြူဖျော့နေခဲ့သည်။ သူမ စိတ်ဆိုးသွားရင် သူ ကံဆိုးသွားမှာကို တကယ်ကြောက်နေမိတယ်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now