Chapter 12 (10,11)

457 58 0
                                    

အခန်း ၁၂ သူရဲကောင်းက အလှလေးကို ကယ်တင်(အပိုင်း ၁၀)

ကုယွင်က ကမန်းကတန်း မော့ကြည့်လိုက်ပေမယ့် စုလင်း၏အမြဲတမ်း အေးစက်ပြီး မာနကြီးပုံရသော မျက်နှာတွင် နာကျင်နေသော အရိပ်အယောင်များ ရှိမနေပေ။ သူ့မျက်နှာက အနည်းငယ် နီနေကာ မျက်ခုံးမွှေးများ အနည်းငယ် တွန့်နေပြီး သူ့နဖူးတွင် အနည်းငယ် စိုစွတ်နေသည်။ ထိုအရာများကို ရှင်းရှင်းလင်လင်း မမြင်ရဘဲ ချွေးများဖြစ်နိုင်သလို ရေငွေ့များလည်းဖြစ်နိုင်သည်။

ကုယွင်က သူ ဘယ်လိုနေလဲ မေးရန် ပြင်နေပေမယ့် ပုံမှန်ထက်ပိုးတိုးနေသော သူ့အသံကို ကြားလိုက်ရသည်။ "လာ၊ ငါ မင်းကို သယ်သွားပေးမယ်"

ခုနက ဝင်တိုက်လိုက်တာကြောင့် သူ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့တာဖြစ်နိုင်တယ်လို့ တွေးမိတာကြောင့် ကုယွင်က ခေါင်းခါလိုက်ပြီး "မလိုဘူး၊ ကျွန်မဘာသာ တက်နိုင်တယ်၊ ရှင် အရင်တက်သွား"

ကုယွင်က ကြိုးကို ကိုင်ထားပြီး သူ လွယ်လွယ်ကူကူ တက်နိုင်စေရန် သူမခါးကို နိမ့်ချလိုက်ပြီး အောက်သို့ အနည်းငယ် ရွှေ့ရန် ကြိုးစားလိုက်သည်။ သို့သော် သူမခါးပေါ်မှ လက်က သူမ မလှုပ်ရှားနိုင်အောင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ ကုယွင်၏နက်မှောင်နေသော မျက်လုံးများက သူမရှေ့မှလူ၏ ထူးထူးခြားခြားနှင့် ရှားပါးသော စိုးရိမ်ပူပန်မှုကို တွေ့လိုက်ရသည်။ သို့သော်လည်း သူ့အသံက စိတ်မရှည်ပုံပေါက်နေတာ "မဟုတ်တာတွေ ပြောနေတာကို ရပ်လိုက်၊ ဒီကိုလာ..ကျောပေါ်ကို မြန်မြန်တက်"

သူ့အသက်ရှူသံတွေက အရင်ထက် ပိုမြန်လာပြီး မျက်လုံးတွေက နီရဲလာတာကြောင့် ကုယွင်က သူနဲ့ ထပ်ပြီး မငြင်းခုန်ရန် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ စုလင်းရဲ့ ဒေါသအပေါ် သူမရဲ့နားလည်မှုအရ အခုအချိန်မှာ စကားများများပြောတာက အသုံးမဝင်ဘူး။ အဲ့တော့ ခန လွှတ်ထားလိုက်မယ်။ အခုအချိန်မှာ ကြမ်းတမ်းတဲ့ စကားတွေ ပြောဖို့လည်း မသင့်တော်ဘူးလေ... စကားများ ရန်ဖြစ်ချင်ရင်လည်း အပေါ်ရောက်မှ ဆက်ဖြစ်ကြတာပေါ့။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now