Chapter 6.5

569 68 0
                                    

အခန်း ၆ သွေးပူလေ့ကျင့်ခန်း (အပိုင်း ၅)

သူတို့က အကြည့်ချင်း ဖလှယ်နေကြပြီး လှိုင်းလုံးများ တဟုန်ထိုး ထိုးတက်လာသလို ဖြစ်နေတာကြောင့် စုယွိက ပို၍ပင် စိတ်မရှည်ဖြစ်လာပြီး အော်ဟစ်လိုက်သည်။ "ဘာလို့ ဒီလောက် စိတ်ရှုပ်စရာ ကောင်းနေတာလဲ"

တစ်ညတည်းနဲ့ ဖြေရှင်းလို့ ရနေတာကို... ဘာသုံးညလဲ?? ဘာလို့ အဲ့လောက်လုပ်နေရမှာလဲ?? သူ့ရဲ့ဒုတိယညီအစ်ကိုက ပြဿနာရှာရတာကို တော်တော် ကြိုက်တယ်။

စုရန်က ရှင်းလင်းတဲ့လေသံနဲ့ ပြန်ဖြေလာသည်။ "မိန်းကလေးဘက်မှာတောင် ဘာထင်မြင်ချက်မှ များများစားစား မရှိဘူး၊ မင်းက အရေးမကြီးဘူးလို့ ပြောနေပေမယ့် လိုက်ပြီး နှိုင်းယှဉ်ချင်နေတာ မဟုတ်လား၊ ပြိုင်မှာလား? မပြိုင်ဖူးလား?? "

နှုတ်ဆိတ်နေသည့်အတွက် စုယွိက ခါးခါးသီးသီးပုံစံနဲ့ "ပြိုင်မယ်!"

"ဒါဆို ဒီကိစ္စက ပြေလည်သွားပြီလို့ သတ်မှတ်မယ်။ ပြိုင်ပွဲကို မနက်ဖြန်ညက စပြီး သုံးရက်အကြာ ကျင်းပမယ်။ တည်နေရာက အနောက်ဘက်ဆင်ခြေဖုံးက တပ်စခန်းနေရာပဲ။ စစ်သည်တစ်ထောင်က ငါ့ရဲ့ကွပ်ကပ်မှုအောက်ကနေ အဲ့စခန်းကို စောင့်ရှောက်မယ်။ စခန်းထဲကို ဖောက်ဝင်ပြီး ပစ္စည်းသေတ္တာကို အရင်ရတဲ့သူက အနိုင်ရလိမ့်မယ်"

သူက ပြောနေရင်းနဲ့ ကုယွင်က သူပြောနေတာကို လုံးဝ နားမထောင်နေဘူးဆိုတာကို သူ ရုတ်တရက် သဘောပေါက်သွားသည်။ သူမက စားပွဲပေါ်က စာရွက်ဖိတဲ့တုံးကို စိုက်ကြည့်နေရင်း ထိုအရာကို အာရုံစိုက်နေသည်။ စုရန်က "ချင်းမော့၊ မင်းမှာ တခြားထင်မြင်ချက် ရှိသေးလား"

"မရှိဘူး" ကုယွင် ပြန်ပြောပြီးတာနဲ့ စားပွဲဆီသို့ လျှောက်သွားကာ စားပွဲပေါ်ရှိ စတုဂံပုံစာရွက်ဖိသည့်တုံးကို ကောက်ယူကာ လေ့လာနေခဲ့သည်။ စာရွက်ဖိသည့်တုံးက သဘာဝမီးတောင်ကျောက်မှ ဖြတ်တောက်ထားပုံရပြီး မီးတောင်ကျောက်နှင့် တူညီသော အရောင်အဆင်းရှိသော အနက်ရောင်နှင့် အစိမ်းရင့်ရောင်များ ပါဝင်ပြီး အလေးချိန်က မပေါ့ပါးပေ။ ထိုအရာက ဆန်းသစ်သော ပုံသဏ္ဍာန်မဟုတ်ပေမယ့် အရှေ့ဘက်ခြမ်းတွင် အလွန်ထူးဆန်းသောပုံစံတစ်ခုကို ထွင်းထုထားသည်။ သူမက ထိုပုံစံကို အလွန်ရင်းနှီးနေပြီး ယခင်က တစ်နေရာရာမှာ မြင်ဖူးနေသလို ခံစားနေရသည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now