Chapter 9.4/9.5

484 64 0
                                    

အခန်း ၉ ကောက်ကျစ်သော သူပုန်များ (အပိုင်း ၄)

ကုယွင်က တိတ်တိတ်လေး သက်ပြင်းချလိုက်ရင်း သူမဘယ်လက်လက်မှ ကြွက်သားများကို ရုတ်တရက် တင်းနေအောင် လက်သီးဆုပ်ထားလိုက်မိသည်။ ရှည်လျားတဲ့ ကြာပွတ်က သူမအသားထဲကို နက်နက်နဲနဲ တိုးဝင်သွားပုံပါပဲ။ ကုယွင်လက်ထဲမှ ပင်းလျန့်က သူမနာကျင်တာကို ခံစားနိုင်ပြီး ဓားကိုယ်ထည်က အနည်းငယ် တုန်ခါသွားကာ အေးစက်သော အလင်းတန်းတစ်ခုဖြာထွက်လာသည်။ ကုယွင်က သူမလက်ထဲတွင် အေးစက်နေသော စွမ်းအားကြီးတစ်ခု ရှိနေသည်ကို ချက်ချင်း ခံစားလိုက်ရပြီး ၎င်းကို သူမ မထိန်းနိုင်တော့ပေ။

ကုယွင်က နာကျင်မှုကို တောင့်ခံထားရင်း ကြာပွတ်ကို ဘယ်လက်ဖြင့် ခက်ခက်ခဲခဲ ဖမ်းဆွဲလိုက်ပြီး ညာလက်တွင် ပင်းလျန့်ကို ကိုင်ထားကာ ထိုလူ၏ တည့်တည့် မျက်နှာကို ဓားဖြင့် လှမ်းထိုးလိုက်သည်။

စူးရှသော လေအေးများကို သယ်ဆောင်ထားသော ဓားစွမ်းအင်က သူ့မျက်နှာဆီသို့ တည့်တည့် တိုးဝင်လာတာကြောင့် ထိုလူက အရမ်းတုန်လှုပ်သွားပြီး ကုယွင်၏ ဘယ်ဘက်လက်တွင် ရစ်ပတ်ထားသော ရှည်လျားသော ကြာပွတ်ကို ပြန်ဆွဲယူကာ ခုခံရန် ဝှေ့ယမ်းလိုက်သည်။ ရွှေနှင့် အနက်ရောင် သံဖြင့် ပြုလုပ်ထားပြီး ရှည်လျားသော ကြာပွတ်က ဓား၏ အစွန်းကြောင့် အမှန်တကယ် ပြတ်ထွက်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ရှည်လျားသောကြာပွတ်၏အတားအဆီးကြောင့် ရေခဲဓား၏အရှိန်က အားနည်းသွားခဲ့ပြီး ထိုလူက ကုယွင်၏တိုက်ခိုက်မှုကို ရှောင်ရှားနိုင်လိုက်ကာ နောက်ပြန်ခုန်နိုင်ရန် အခွင့်အရေးရရှိခဲ့သည်။

ထိုလူက အလွန်ထိတ်လန့်သွားခဲ့သည်။ ဤမျှသေးငယ်ပြီး နူးညံပျော့ပျောင်းပုံရသော မိန်းခလေးက ဤမျှလောက် အစွမ်းထက်နိုင်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထိုအပြင် သူမ၏လက်ထဲမှဓားက အမည်မသိလက်နက်တစ်ခုဖြစ်နိုင်ပြီး အလွန်ထက်မြက်ကာ အေးစက်လွန်းလှသည်။

သူက ကုယွင်၏ထိုးနှက်ချက်ကို ရှောင်နိုင်ခဲ့ပေမယ့် သူက ကုယွင်နဲ့ သူမရဲ့ဓားကို မယှဉ်နိုင်တော့မှန်း နားလည်သွားခဲ့သည်။ သူက သူ့၏ရှည်လျားသော ကြာပွတ်ကို ဖယ်ရှားပြီး တောနက်ထဲသို့ ထွက်ပြေးသွားတော့သည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now