Chapter 10.1/10.2

491 66 4
                                    

အခန်း ၁၀ ကျီးပါးစပ်ချိုင့်ဝှမ်း (အပိုင်း ၁)

မိုးသစ်တောထဲက နွေရာသီညတွေက မသာယာပါဘူး။ မိုးရေစက်သံတွေ၊ အင်းဆက်တွေရဲ့ အော်သံတွေ၊ အစာစားဖို့ အစာရှာနေတဲ့ တိရစ္ဆာန်တွေရဲ့ အော်သံနဲ့ အူသံတွေက ထူးထူးခြားခြား ရောယှက်နေပြီး ညဥ့်နက်ချိန်ကို သေချာ သရုပ်ဖော်ပေးနေသည်။ ထိုသို့သောပတ်ဝန်းကျင်တွင် ရှိနေရခြင်းက ကိုယ့်ကို အနီးကပ်စိုက်ကြည့်နေသည့် မရေမတွက်နိုင်သော အုံ့မှိုင်းမှိုင်းမျက်လုံးတစ်စုံရှိနေသလို ခံစားရစေပြီး ကိုယ့်ခေါင်းထက်သို့ အေးစက်နေသော မြွေတစ်ကောင်က အချိန်မရွေးပြုတ်ကျလာနိုင်သည်ဟု ထင်ယောင်ထင်မှားဖြစ်စေနိုင်သည်။ သေးငယ်သောအသံတိုင်းက ဆိုးကျိုးသက်ရောက်မှုတစ်ခုစီကို ပေးနိုင်ပြီး လူများ၏စိတ်ပိုင်းဆိုင်ရာ ခံစားချက်များကို နှိပ်စက်နိုင်သောအရာများ ဖြစ်နေခဲ့သည်။

ကြီးမားလှသော လှိုဏ်ဂူကြီးထဲတွင် မီးရှူးတိုင်များစွာ ထွန်းညှိထားပြီး မီးတောက်ကြီးများ တောက်လောင်နေသည်။ ဂူ၏အလယ်တွင် တောင်ကဲ့သို့ သန်မာသော လူတစ်ယောက်က မြေပြင်ပေါ်တွင် လဲကျနေပြီး သူ၏ခန္ဓာကိုယ်ကို ချည်ကြိုးအထူကြီးဖြင့် ချည်နှောင်ခံထားရကာ မျက်လုံးများ မှိတ်ကျနေပြီး သတိလစ်နေပုံရသည်။

သူ့ခေါင်းသို့ ရေအေးပုံးကြီးတစ်ပုံးကို လောင်းချခံလိုက်ရတာကြောင့် ဟန်ရှုက တုန်လှုပ်သွားပြီး လေးလံနေသော သူ့မျက်ခွံများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ အခိုးအငွေ့များနှင့် ရှေ့သို့ကျနေသော ဆံစများကြောင့် မှုန်ဝါးနေသော သူ့မျက်လုံးများက မျက်နှာတစ်ခုကို မြင်နေရပေမယ့် ထိုလူ့၏ပါးစပ်ထောင့်မှ အပြုံးတွေက မကောင်းဆိုးဝါးအရိပ်အယောင်များ ပြည့်နှက်နေပြီး သူ့ဝတ်ထားသော အပြာရောင်အဝတ်အစားများက အရမ်းကို တောက်ပနေခဲ့သည်။ ဟန်ရှု၏မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားပြီး သူ့ရှေ့မှ မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်နေပြီး သူ့ကို ပြုံးကြည့်နေသော လူကို ပြန်ကြည့်လိုက်မိသည်။ သူအတွေးများက သူ အလစ်အငိုက်တိုက်ခိုက်မှု မခံရသေးသည့် အချိန်ဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ဟန်ရှုက ကျယ်လောင်စွာ အော်ဟစ် ကျိန်ဆဲလိုက်သည်။ "မင်းတို့က အရှက်မဲ့တဲ့ လူဆိုးကောင်တွေပဲ၊ ညစ်ပတ်တဲ့လှည့်ကွက်တွေကို လာကစားနေတယ်၊ မင်းတို့မှာ အရည်အချင်းရှိရင် အခု ငါနဲ့ တစ်ယောက်တည်း ယှဥ်တိုက်စမ်း!"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now