Chapter 14.3/14.4

434 48 3
                                    

အခန်း ၁၄ ခန္ဓာကိုယ်ကို ဘယ်လို စစ်ရမှာလဲ (အပိုင်း ၃)

ကုယွင်က အနည်းငယ် စိတ်ကသိကအောက်ဖြစ်ပုံရသည်။ ဟန်ရှုနှင့် စုလင်းကလည်း ဒဏ်ရာရနေတုန်းပါပဲ။

စုရန်က စုလင်းကို တစ်ချက်ကြည့်လိုက်ပြီး "အချိန်လေးတော်တော်လင့်နေပြီ၊ အားလုံးလည်း ပင်ပန်းနေကြပြီ။ ဒီနေ့အတွက်တော့ ဒီလောက်ပဲ ဆွေးနွေးကြရအောင်။ မနက်ဖြန် ချန်ရှီမှာ အသေးစိတ် ထပ်ဆွေးနွေးပြီး စီစဉ်စရာရှိတာ စီစဥ်ကြမယ်၊ တာ့ကောရဲ့အမြင်ကရော ဘယ်လိုလဲ??"

စုလင်းက မကန့်ကွက်ပဲ ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။ "ကောင်းတယ်"

သူ ပြောပြီးတာနဲ့ ကုယွင်က ချက်ခြင်း ထရပ်ပြီး ဘာမှ မပြောဘဲ ထွက်သွားတော့သည်။ စုလင်းရဲ့အေးစက်ပြီး မည်းမှောင်နေတဲ့ မျက်လုံးတွေတောင် သူမကို လိုက်မကြည့်နိုင်တော့ဘူး။ စုရန်က တစ်ယောက်တည်း လျှို့ဝှက်စွာ တွေးတောနေမိသည်။ တစ်ယောက်က တစ်ယောက်ကို ကယ်တင်ဖို့ သူ့ကိုယ်ခန္ဓာကိုတောင် စတေးခဲ့တယ်။ ကျန်တစ်ယောက်ကလည်း နောက်တစ်ယောက်ကို အစွမ်းကုန် ကူညီဖို့ ရှိသမျှစိတ်အားခွန်အားတွေ အကုန်အသုံးချနေတယ်၊ ဒါက "*လန်က ချစ်မိနေပြီး ကိုယ်လုပ်တော်က စိတ်ဝင်စားနေတယ်" ဆိုတာမျိုး မဟုတ်ဘူးလား? ဒါပေမယ့် ဘယ်လိုပဲ ကြည့်ကြည့်၊ ဘာကြောင့် ဒီလိုမျိုးအခြေအနေမျိုး ဖြစ်နေတယ်လို့ မမြင်ရတာလဲ။

(T/N: "လန်က ချစ်ခင်ပြီး ကိုယ်လုပ်တော်က စိတ်ဝင်စားတယ်"- စကားပုံပါ... အခြေခံအားဖြင့်တော့ လူနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေ လေးစားမှုတွေ ထပ်တူကျနေတယ်လို့ ဆိုလိုတာပါ)

အားလုံးက လူစုခွဲသွားပြီး စုလင်းကိုယ်တိုင်လည်း သူ့တဲသို့ ပြန်ခါနီးတွင် ရှည်လျားသော အနီရောင်အရိပ်တစ်ခုက ပင်မတဲထဲသို့ ဝင်လာခဲ့သည်။ ထိုလူက အေးအေးလူလူ လျှောက်လာနေပြီး သူ့၏ဖီးနစ်မျက်လုံးများက စုလင်းကို အပေါ်အောက် စုန်ဆန်ကြည့်နေပြီး "ငါ အဝေးကို ရောက်သွားတာ နှစ်ရက်လောက်ပဲ ရှိသေးတယ်၊ မင်းက ဒဏ်ရာရနေပြီ၊ တကယ်တော့ သူရဲကောင်းဖြစ်ရတာလည်း ရယ်စရာတော့ မဟုတ်ပါဘူး၊ အထူးသဖြင့် အလှလေးကို ကယ်တင်တဲ့ သူရဲကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ...."

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now