Chapter 14.1/14.2

459 51 3
                                    

အခန်း ၁၄ ခန္ဓာကိုယ်ကို ဘယ်လို စစ်ရမှာလဲ (အပိုင်း ၁)

"ရပ်လိုက်"

သူမနောက်က ရေခဲလို အေးစက်ပြီး ခံစားချက်မဲ့တဲ့ အသံက ကုယွင်၏ခြေလှမ်းများကို ရပ်တန့်စေခဲ့သည်။ ကုယွင် ပြန်လှည့်ကြည့်ပြီး စကားမပြောရသေးခင်မှာ စုလင်းက "သူပုန်တွေရဲ့တည်နေရာကို ခန့်မှန်းဖို့ ရေဝေစနစ်မြေပုံကို သုံးတာက မင်းရဲ့စိတ်ကူး မဟုတ်ဘူးလား၊ အခု လက်လွှတ်ချင်နေတာလား"

ကုယွင်က စိတ်ဆိုးသွားသည်။ ငါက ဘယ်တုန်းက လက်လွှတ်လို့လဲ?? ဆွေးနွေးဖို့ သူ ခေါ်တဲ့ ထဲမှာ ငါ ပါလို့လား?? ငါက မခေါ်မခံရပဲနဲ့ စိတ်အားထက်သန်မှုအပြည့်နဲ့ အကြံပြုချက်တွေကို ညှစ်ထုတ်ပေးဖို့ သူ မျှော်လင့်နေတာလား?? ငါက အဲ့လောက်အရှက်မမဲ့ဘူး၊ ဆောရီးပဲ... ငါက စျေးမပေါဘူး!!!

"စုလင်း၊ ရှင်..." အေးစက်စက် မျက်လုံးများကို ရင်ဆိုင်ရင်း ကုယွင်က ဒေါသပေါက်ကွဲတော့မည့် အချိန်တွင် လက်ထောက်ယုက ယမ်းနံကို အနံ့ခံလိုက်မိပြီး ခပ်မြန်မြန် ဝင်ပြောလိုက်သည်။ "ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါက သခင်မရဲ့အကြံဉာဏ်ပါ။ သခင်မက ဘာလို့ ဆွေးနွေးမှုမှာ မပါဝင်တာလဲ? ဒီမှာ ထိုင်ပါ"

ဒီလင်မယား ဘာတွေများ လွဲချော်နေတာတုန်း?? ဒီလိုမျိုး တွေ့တာနဲ့ ရန်ဖြစ်တဲ့ စုံတွဲမျိုးတွေ့ကို မတွေ့ဖူးဘူး။

ကုယွင်က လက်ထောက်ယုပြောတာကို ဂရုမစိုက်ဘဲ တဲတံခါးဝမှာ ရပ်နေကာ သူမ၏ အေးစက်နေတဲ့ မျက်နှာလှလှလေးက စုလင်းကို စူးစူးရဲရဲ ရင်ဆိုင်နေခဲ့သည်။ စုလင်းကလည်း ထိုသို့စိုက်ကြည့်ခံရခြင်းကို အ‌လေးအနက်မထားဘဲ သူမကို ပြန်စိုက်ကြည့်နေသည်။

စုရန်က တိတ်တိတ်လေး ခိုးရယ်နေသည်။ အကြီးဆုံးအစ်ကိုက ချင်းမော့ကို မသွားစေချင်မှန်း သိသာနေသော်လည်း သူက စကားကို ကောင်းကောင်း မပြောတက်ပြန်ဘူး။ ဘယ်လိုပဲ ထူးခြားပြီး ကြမ်တမ်းတယ်ပြောပြော... ချင်းမော့က မိန်းခလေးလေ... သူက သူမကို နည်းနည်းလောက် ချော့ပြောလို့ မရဘူးလား?? တဲစခန်းအတွင်းမှ လေထုက အနည်းငယ် ဆိုးရွားနေသည်။ စုရန်၏ မျက်လုံးများက စုလင်း၏ ပတ်တီးဆီသို့ တစ်ချက် ရောက်သွားပြီး သူ့မျက်ဝန်းများက တောက်ပလာသည်။ သူက ရှေ့သို့ တိုးသွားလိုက်ပြီး သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်ကာ "အားလုံး ထိုင်ပြီး စကားပြောကြပါ။ တာကော့ရဲ့ဒဏ်ရာက သွေးထွက်တာ ရပ်သွားပေမယ့် ဒဏ်ရာ ပြန်မပွင့်အောင် သတိထားဖို့ သမားတော်က အထူးတောင်းဆိုထားတယ်လေ"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now