Chapter 4.2/4.3

596 76 5
                                    

အခန်း ၄ လက်နက်ချခြင်း (အပိုင်း၂)

ကုယွင်က သူမခါးမှ ကြိုးကို ဖြည်လိုက်ပြီး အနည်းငယ် သက်ဝင်လှုပ်ရှားတက်ကြွနေပုံရသော စစ်သည်ငယ်များဆီသို့ လျှောက်သွားလိုက်သည်။

ဒီအမျိုးသားတွေက ဘာတွေကို အရမ်း စိတ်လှုပ်ရှားနေကြတာလဲ??

သူမက ကျောက်တောင်တက်ခြင်းကို ဝါသနာပါတာကြောင့် သူမ အသက်ဆယ့်လေးနှစ်ကတည်းက ဤကိစ္စကို လွယ်လွယ်ကူကူ ပြီးမြောက်နိုင်ခဲ့သည်ကို သူတို့ မသိနိုင်ကြပါဘူး။ နောက်ပိုင်းတွင် သူမက SWAT အဖွဲ့သို့ ဝင်ရောက်ကာ စနစ်တကျ လေ့ကျင့်မှုများ ရရှိခဲ့သည်။ ရလဒ်ကတော့ သူတို့က သူမကဲ့သို့ စွမ်းဆောင်နိုင်ဖို့ အကြိမ်အများကြီး လေ့ကျင့်ကြရဦးမည် ဖြစ်သည်။ ကုယွင်က နှုတ်ခမ်းထောင့်တွေကို မြှောက်ကာ စိတ်ထဲကနေ လှောင်ပြောင်လိုက်သည်။

ခနနေရင် ငါက မင်းတို့တွေကို သေအောက်အောင် စိတ်ဆင်းရဲအောင် လုပ်လိမ့်တော့မယ် ထင်ပါရဲ့...

ကုယွင်က ကောကျင့်ယွင်ကို လှမ်းကြည့်လိုက်ပြီး "ကောကျင့်ယွင်၊ အခု မင်းရဲ့အဖွဲ့ကို အခု အုပ်စုနှစ်စုခွဲပြီး တောင်တက်လေ့ကျင့်ခန်း လုပ်ခိုင်းလိုက်၊ လူတိုင်းက အတွေ့အကြုံရအောင် တစ်ကြိမ်လောက် စမ်းကြည့်သင့်တယ်။ ငါးယောက်တစ်အုပ်စုဖွဲ့ပြီး ပူးပေါင်းဆောင်ရွက်ကြ၊ ဘေးကင်းအောင် ဂရုစိုက်ပါ"

"ဟုတ်ကဲ့" ကောကျင့်ယွင်က သူ့အဖွဲ့ကို ဦးဆောင်​ခေါ်ထုတ်သွားသည်​။

ကုယွင်က "လမ်ရှောင်း၊ မင်းရဲ့အဖွဲ့ကို chin-ups နဲ့ အရွတ်လေ့ကျင့်ခန်းလုပ်ဖို့ ခေါ်သွား"

(chin-ups- ဘားခိုတာတို့ ၊ ကြိုးကွင်းဆွဲတာတို့ပါ)

chin-ups ဆိုတာက ဘာလဲ??? အရွတ်လေ့ကျင့်ခန်းတွေက ဘာတွေလဲ??

တပ်သားသစ်တွေရဲ့ မျက်လုံးတွေနဲ့ နှလုံးသားထဲမှာ မေးခွန်းတွေရှိခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဘယ်သူမှ မေးခွန်းမထုတ်ခဲ့ကြပါဘူး။

ကုယွင်က သူတို့ နားမလည်တာကို သဘာဝကျကျ သိနိုင်ပြီး သူမရဲ့ အသုံးအနှုန်းတွေကို နားလည်စေဖို့အတွက် စကားတွေ ထပ်ပြောလိုက်ရသည်။ ကုယွင်က သူတို့ကို ကျောက်နံရံဘေးက နွယ်ပင်တွေဆီကို ဦးဆောင်ခေါ်သွားလိုက်ပြီး သူမနဲ့အနီးဆုံးမှာ ရပ်နေတဲ့ တပ်သားကို လက်ညှိုးထိုးလိုက်ပြီး "မင်း တန်းထဲကနေ ထွက်လာခဲ့"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များजहाँ कहानियाँ रहती हैं। अभी खोजें