Chapter 16.9/16.10

565 65 0
                                    

အခန်း ၁၆ သူပုန်များကို ဝိုင်းရံခြင်းနှင့် နှိမ်နင်းခြင်း (အပိုင်း ၉)

ဒါက သူပုန်ခေါင်းဆောင်ရဲ့ထောင်ချောက်တစ်ခု ဖြစ်နေနိုင်လား? စုလင်းနှင့် ကုယွင်တို့က ထိုအတွေးကို တချိန်တည်း တွေးလိုက်မိကြပြီး ထိုအချိန်တွင် စစ်သည်ငယ်တစ်ဦး လျင်မြန်စွာ ရောက်လာကာ "သတင်းပို့ပါတယ်! စစ်သူကြီးစုနဲ့ ရှေ့ပြေးတပ်သားတွေက ရွှေတွေကို တွေ့ရှိပြီးပါပြီ၊ အခု တောင်ပေါ်ကနေ သယ်ယူလာကြပါတယ်။ သူပုန်တွေရဲ့ တမန်တော်တစ်ယောက်ဖြစ်တဲ့ ဝူကျိကိုလည်း ဖမ်းမိထားပါတယ်"

ဝူကျိကို ဖမ်းမိတာလား??!

သူတို့ရှေ့က လူက သူပုန်တွေရဲ့ခေါင်းဆောင် ဟုတ်ဟုတ် မဟုတ်ဟုတ်၊ အနည်းဆုံးတော့ အဓိကလူတစ်ယောက်ကို ဖမ်းမိသွားပြီ။

စုလင်းက သူ့လက်ကို ညင်သာစွာမြှောက်လာပြီး အမိန့်ပေးလိုက်သည်။ "လူတွေကို ပြန်ခေါ်လာခဲ့"

"ဟုတ်ကဲ့"

လူတစ်စုက တောင်ပေါ်မှ ဆင်းလာကြသည်။

ခုနစ်လီခန့်အကွာရှိသော တောင်ကြောတစ်ခုပေါ်တွင် သီးသန့်ဆန်ပြီး အေးစက်သော အမူအရာရှိနေသည့် လူတစ်ယောက် ရှိနေကာ ထိုလူက တဖြည်းဖြည်း ငြိမ်းသွားသည့် တောင်မီးကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ သူနောက်မှ အပြာရောင်တောက်တောက်အ၀တ်အစားများကို ဝတ်ဆင်ထားသည့် လူတစ်ယောက်က "အကြီးအကဲ၊ ဝူကျိကို ဘယ်အချိန် ကယ်တင်ရမှာလဲ?"

"ငါ့မှာ ကိုယ်ပိုင် တွက်ချက်မှုရှိတယ်" ခပ်ရှရှအသံက တိုးလျနေသော်လည်း ရန်ကော်က သူ့ပါးစပ်ကို နာခံမှုရှိရှိ ပိတ်ထားလိုက်သည်။ သွယ်လျသောလက်ချောင်းများက မြွေစိမ်းလေး၏ အေးစက်သော ခန္ဓာကိုယ်ကို ညင်သာစွာ ပွတ်သပ်ပေးနေပြီး အေးစက်နေသော မျက်လုံးများက မှုန်ကုပ်ကုပ်ဖြစ်နေကာ အဝေးသို့ လှမ်းကြည့်နေသည်။

စုလင်းနှင့် သူ၏အဖွဲ့က အကြီးအကဲနှင့် ယွိရှန်း အပါအဝင် သူပုန်ရာပေါင်းများစွာကို စခန်းသို့ ပြန်ခေါ်ဆောင်လာခဲ့ပြီး ဝူကျိကို ခေါ်ဆောင်လာသည့် ဟန်ရှုနှင့် တွေ့ဆုံခဲ့သည်။ အဖွဲ့နှစ်ဖွဲ့ တွေ့ဆုံလိုက်ချိန်တွင် အမြဲတမ်း တည်ငြိမ်နေခဲ့သည့် ဝူကျိက အနက်ရောင် ၀တ်စုံဝတ်ထားသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်တာနဲ့ ထိတ်လန့်တကြားဖြင့် ချက်ခြင်း အော်ဟစ်လိုက်သည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များOnde histórias criam vida. Descubra agora