Chapter 16.5/16.6

581 59 0
                                    

အခန်း ၁၆ သူပုန်များကို ဝိုင်းရံခြင်းနှင့် နှိမ်နင်းခြင်း (အပိုင်း ၅)

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် လေးစားမှု အရိပ်အမြွက်ကို ပြသလိုက်ပြီး တစ်ယောက်ကို တစ်ယောက် စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေကြကာ ဖြည်းညင်းစွာ ချဉ်းကပ်လိုက်ကြပြီး လက်ကောက်ဝတ်များကို ထိသွားသည်နှင့် တစ်ပြိုင်နက် တိုက်ခိုက်မှုကို စတင်လိုက်ကြသည်။

တစ်ဖက်မှ အမျိုးသမီးက သူမ၏လက်သီးများကို လက်ဖဝါးအဖြစ်သို့ ပြောင်းလဲလိုက်ပြီး သူမ၏ရှည်လျားပြီး ပါးလွှာသော လက်ချောင်းထိပ်များက ကုယွင်၏မျက်လုံးဆီသို့ ဦးတည်လာသည်။ ကံကောင်းစွာဖြင့် ကုယွင်က နောက်သို့ အမြန်ပြန်ဆုတ်ပြီး အမျိုးသမီး၏လက်ကို ရှောင်နိုင်လိုက်သည်။ ထိုနောက် ကုယွင်က အမျိုးသမီး၏လက်ကောက်ဝတ်ကို သူမလက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး နောက်လက်တစ်ဖက်က တစ်ဖက်လူ၏လက်မောင်းကို တည့်တည့်ဖြတ်ဝင်ကာ ထိုမှတဖန် အောက်သို့ လျောဆင်းလိုက်ပြီး အမျိုးသမီး၏ခါးပတ်ကြိုးစကို ဆွဲကိုင်လိုက်သည်။ ကုယွင် ထိုနောက် သူမ၏ခန္ဓာကိုယ်ကို အနည်းငယ် နှိမ့်ချကာ ထိုအမျိုးသမီးကို သူမပုခုံးပေါ်တစ်ဝက်ထမ်းတင်ကာ ပြင်းထန်စွာ ကိုင်ပေါက်ချလိုက်သည်။

ထိုအမျိုးသမီးက သူမ၏ခါးနှင့် လက်များမှ တင်းကျပ်မှုကို ခံစားနိုင်လိုက်သော်လည်း သူမ မတုံ့ပြန်နိုင်မီတွင် ဘာမှတောင်မသိလိုက်ရဘဲ သူမ၏ခန္ဓာကိုယ်က လွင့်ထွက်သွားခဲ့သည်။ မြေပြင်ပေါ်သို့ အကြိမ်အနည်းငယ် လှိမ့်ကျသွားပြီးနောက် အမျိုးသမီးက ချက်ချင်း ပြန်ထရပ်လိုက်သည်။ သူမက တိတ်တဆိတ် သိချင်နေမိသည်။

ဒါက ဘယ်လို လှုပ်ရှားမှုမျိုးလဲ?

ကုယွင်က သူမ အသက်ရှုဖို့ အခွင့်အ‌ရေးမပေးဘဲ ထပ်မံပြီး တိုက်ခိုက်လိုက်ပြန်သည်။ အနီးကပ်တိုက်ခိုက်ခြင်းက ကုယွင်၏အားသာချက်နှင့် ခွန်အားအစစ်အမှန်ဖြစ်သည်။ ကုယွင်က အလွန် လျင်မြန်ပြီး လျပ်တပြတ် တိုက်ခိုက်တက်သူဖြစ်ကာ အယောင်ပြတိုက်ခိုက်မှုများကို ဘယ်တော့မှ သုံးလေ့မရှိပေ။ သူမလက်မှ လှုပ်ရှားမှုတိုင်းက ရန်သူကို အနိုင်ယူရန်သာ ရည်ရွယ်သည်။ ထိုအမျိုးသမီးက ကုယွင်၏လက်သီးချက်များစွာ ဆက်တိုက် ခုခံနေရသည်။ မူလက သူမက ကုယွင်၏ ကျွမ်းကျင်မှုကို စမ်းသပ်ရန်သာ တိုက်ခိုက်ချင်ခဲ့သော်လည်း ယခုအချိန်တွင် သူမ စိတ်နှလုံးအကြွင်းမဲ့ ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။ သူမ ကုယွင်၏နည်းလမ်းများကို အဖြေ မရှာနိုင်သေးခင်မှာ အပြင်းအထန် ဒဏ်ရာရသွားနိုင်သည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now