အပိုင်း - ၁ : ငါတို့ အရင်က ချစ်ခဲ့ကြတယ်မဟုတ်ဘူးလား (Z+Uni)

60K 2.1K 141
                                    

-Zawgyi

အပိုငျး - ၁ : ငါတို့ အရငျက ခစြျခဲ့ကွတယျမဟုတျဘူးလား (Z+Uni)

Achawlay : အာ... အာ... အသဲလေး ငါတို့ အရင်တုန်းက သိပ်ချစ်ကြတာလေ ဘာလို့ ငါ့ကို လိုက်သတ်နေတာလဲ။

Achawlay is slained by the Little_Wolf.

Little_Wolf is slained by Dathagyi.

"Nice ဘီလူးကောင်..."

လေချွန်သံနှင့်အတူ ချီးမွန်းသံတစ်ချက်။

"မင်းအဖေကို Nice! ကောင်းကောင်းလေး ဆော့လို့မရဘူးလား! ဘာလို့အဲ့ခွေးကောင်လေးကိုပဲ သွားသွားစနေရတာလဲ မအေပေးရဲ့..."

ဆဲဆိုသံကြောင့် ပထမစကားပြောသူသည် ခွက်ထိုးခွက်လန်ရယ်လေသည်။

"အေပေး ပါးစပ်လေးပိတ်ထားစမ်း Mic တပ်ပြီး ငှက်ဆိုးထိုးသံနဲ့ရယ်မနေနဲ့! Guild War မှာ Rank ကျပြီဆို မင်းကို ငါတို့အရင်သတ်မှာ..."

"အင်းပါ အင်းပါ..."

တစ်ယောက်တစ်ပေါက် ဝိုင်းဆဲခံရမှုကြောင့် ရယ်သံသည် တိတ်သွားတော့သည်။ ထို့နောက်တွင်တော့ သူ ဂိမ်းထဲတွင် ပြန်ရှင်လာလေ၏။

"Spirit Healer က ဘာလို့ ငါ့အလှည့်ကျရင် အမြဲတန်းမြန်နေတယ်လို့ခံစားရတာလဲ..."

ပါးစပ်မှပေါက်ပေါက်ဖောက်ကာ လက်တို့က သွက်လက်စွာ ကီးဘုတ်တွင်ပြေးလွှားနေသည်။

"အကုန်လုံးကို ၁၅ စက္ကန့်ပဲ မင်းအလှည့်ကျမှ ပိုမနေဘူး... ချီးကောင် ပါးစပ်ပိတ်ပြီး ကောင်းကောင်း control လုပ်စမ်းပါ... ရှုံးရင် မနက်ဖြန် မင်းကျောင်းမှာ သေဖို့သာ ပြင်ထား..."

"ကြောက်ဖုတ်ကောင်းလိုက်တာ..."

ရယ်မောနေမှုသည် တစ်ဖက်လူမှ သူ့ထံပြေးဝင်လာချိန်တွင် ရုတ်တရက်ရပ်သွားရသည်။ အနောက်သို့လျှပ်တပြတ်ခုန်ဆုတ်တော့ တစ်ဖက်သူသည် သူ့ကို ဓားဖြင့် ဝင်ပိုင်းခြင်းမှာ မသက်သာတော့။

"အိုး ဒီဝံပုလွေလေးက ငါ့ကို အညှိုးကြီးကြီးထားနေတာပဲ..."

Mic မှ သူ့အသံသည် ထပ်ထွက်လာပြန်သည်။ ကျန်သည့်သူများက သူ့ကို ဘေးမဲ့ပေးထားလိုက်တော့၏။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now