အပိုင်း - ၆၀ : ခင်ဗျားက ကျွန်တော့်အတွက် ပြီးပြည့်စုံဆုံးသော လူသားတစ်ယောက် (Z+U)

5.6K 863 40
                                    

Zawgyi

Anna : Will contain NSFW part

~~~~~~~~~

"မင်းစာကို ဘာလို့အဲ့လောက်လုပ်နေတာလဲ... Diploma တန်းမှာ အဆင့်လည်း ပေးတာမဟုတ်ဘဲနဲ့..."

ရှင်းသန့်မောင် ထိုကောင်လေးကို ရေခဲမုန့်ခွံ့ကျွေးနေရင်းမှ မေးသည်။ ဟန်မင်းပိုင်သည် ရေခဲမုန့်ဇွန်းကို ကိုက်နေရင်းဖြင့် ရှင်းသန့်မောင်ကို မျက်စောင်းထိုး၏။ သူတို့ထိုစကားကို မရှိခဲ့ဟု ယူဆထားခဲ့ကြသည်။ အမြဲတမ်း မဖြေတတ်သည့် ကိစ္စတို့ကို ဟန်မင်းပိုင်သည် လျစ်လျူရှုတတ်၏။ ရှင်းသန့်မောင်သည်လည်း မတိုက်တွန်း။ သူ့တွင် အခြားသော ဝှက်ဖဲပေါင်းများစွာကျန်သေးသည်လေ။

"ကိုယ်လုပ်တဲ့ကိစ္စတစ်ခုက ကောင်းကောင်းမွန်မွန်နဲ့ပြီးမြောက်သွားတော့ ကောင်းတာပေါ့... ကျွန်တော်ကတော့ ဘာပဲလုပ်လုပ် အကောင်းဆုံးပဲ ကြိုးစားလိုက်ချင်တယ်... အဲ့လိုဆိုရင် ကိုယ်မှန်းသလို မဖြစ်လာလည်း ငါ ဒါကို ဒီလိုသေချာမလုပ်လိုက်ရဘူးဆိုတာမျိုး မတွေးမိတော့ဘူးပေါ့..."

"အင်း... အိမ်ရဲ့ထိန်းကျောင်းကောင်းခံရတဲ့ ကလေးသေးသေးလေး... မင်းက တကယ်လူလေးသေးသလောက် ဘယ်လိုဟာလေးလည်းမသိ... ဒါနဲ့ရေခဲမုန့်က စားလို့ကောင်းလား..."

"ခင်ဗျားလည်း စားကြည့်ပေါ့..."

ကိုက်ထားသည့်ဇွန်းကို ပါးစပ်ထဲမှ ထုတ်ပြီး ရှင်းသန့်မောင်ကို သူ ပြန်ပေး၏။ ရှင်းသန့်မောင် အူမြူးစွာဖြင့် ထိုကောင်လေးကို ကြည့်ကာ...

"ဘာလို့ငါ့ဘာသာ စားမှာလဲ..."

"ဒါဆို ဘာလို့မေး..."

စကားသည်ဆက်ထွက်မလာ။ ရှင်းသန့်မောင်၏ မျက်နှာသည် သူနှင့်ပူးကပ်သွားတော့၏။ ရေခဲမုန့်စားထားမှုကြောင့် အေးနေသည့် နှုတ်ခမ်းလေးသည် တခဏချင်းပူနွေးစိုစွတ်လာတော့သည်။ အသက်ဝဝပြန်ရှူချိန်တွင် ရှင်းသန့်မောင်က သူ့နှုတ်ခမ်းတို့ကို လျှာဖြင့်အနမ်းကို အဆုံးသတ်သည့်အနေဖြင့် ခပ်ဖွဖွလျက်ပေးနေလိုက်သေး၏။

"အင်း ရေခဲမုန့်က အရသာရှိတယ်... ဒါပေမဲ့ မင်းကြောင့် ပိုအရသာရှိသွားတယ်နဲ့တူတယ်..."

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now