အပိုင်း - ၄၃ : ယိမ်းယိုင်တဲ့စိတ်အခြေအနေကို လက်ဦးမှုယူ။(Z+U)

4.5K 752 32
                                    

Zawgyi

"အာ သူ မရှိတော့ဘူးပဲ..."

ရှင်းသန့်မောင် ရေရွတ်သည်။ သူ့မျက်လုံးတို့က အမည်လေးတစ်ခုတွင်ရှိ၏။ GM Mode On ထားသည်မို့ သူ ကြည့်လိုသည့် ကာရိုက်တာသည် လိုင်းပေါ်တွင် ရှိနေမရှိနေကို အချိန်မရွေး သူ သိနိုင်သည်။ တစ်လတောင်ကြာသွားခဲ့ပြီပဲ။ ထိုကောင်လေးသူ့ကို ပြောပြောပြေးပြေးလုပ်သွားတာ။ တစ်လ... အချိန်သည် မနည်းသလို များလည်းမများ။

ငြင်းခဲ့လျှင် ထိုကောင်လေးကို သွား၍မပတ်သက်ပါဘူးဟူသည့် ဆုံးဖြတ်ချက်အတိုင်း သူ ထိုကောင်လေးကို သွား၍ မပတ်သက်။ သွားမပတ်သက်ခြင်းသည် သွားမဆက်သွယ်ခြင်းသာ။ ထိုကောင်လေးကို သူ အချိန်တိုင်း ကြည့်နေမိဆဲ။ သူ Facebook တွင် ထိုကောင်လေး၏ အကောင့်ကို တစ်နေ့ ဆယ်ကြိမ်ထက်မနည်းဝင်ကြည့်ဖြစ်သည်။ သူ မမြင်လိုက်ချိန်တွင် ထိုကောင်လေး တစ်ခုခု တင်ခြင်းကို လွတ်သွားမည်စိုးရိမ်၍။ ထိုကောင်လေး အကောင့်မီးစိမ်းနေသည်ကို ကြည့်သည်။ ထိုကောင်လေး ဂိမ်းထဲဝင်လျှင် အမြဲတမ်း သူ နောက်မှ လိုက်ကြည့်ဖြစ်သည်။

"GM ဖြစ်တာလည်း ကောင်းတော့ကောင်းသား... invisible mode နဲ့ဆို သူ့နောက်က လိုက်ကြည့်နေတာ သူ တောင်မသိဘူး..."

ရှင်းသန့်မောင် ရေရွတ်၏။ ပြင်ပဘဝသည်လည်း Game တစ်ခုဖြစ်သွားပြီး သူ GM ဖြစ်နေလျှင် ကောင်းမည်။ ထိုကောင်လေးနောက်ကို သူ Game ထဲမှာလို လျှောက်လိုက်နေ၍ဖြစ်သည်။

အချစ်ဦးဒဏ်ရာသည် နက်ရှိုင်းတတ်သလား။ ရှင်းသန့်မောင် မသိ။ ထိုကောင်လေးသည် သူ ပထမဆုံးအကြိမ် ချစ်ဖူးသည့်သူ။ သူ့ကြောင့် တစ်ဖက်မှ ကောင်လေး စိတ်အနှောင့်အယှက်မဖြစ်စေလို၍သာ ထိုကောင်လေးရှေ့ပြေးသွားကာ စကားပြောလိုစိတ်တို့ကို ချုပ်ထိန်းထားရတာ။ တကယ်ဆို ထိုကောင်လေးအနီးတွင် ရှိနေပြီး ပေါက်ကရပြောနေရရုံဖြင့်ပင် သူ တင်းတိမ်နိုင်ပါသည်။ ထိုကောင်လေး ချစ်လာဖို့ဆိုသည်ကို သူ စိတ်မကူးပဲလည်း နေနိုင်ပါသည်။

လက်တို့က အကျင့်ပါနေသည့်အလျောက် သူ ထိုကောင်လေး အကောင့်ကိုဝင်ကြည့်တော့ ဝင်၍မရတော့သော အကောင့်လေး။ ရှင်းသန့်မောင် ကြက်သေသေသွားသည်။ သူ့ ဦးနှောက်အလုပ်လုပ်မှုက တဒင်္ဂရပ်ဆိုင်းသွားရ၏။ ဒီကောင်လေးက သူ့ကို block လိုက်တာလား။ လွန်ခဲ့သည့်လကတောင် သူ ထိုကောင်လေး share သည့် game video လေးများကို ကြည့်၍ရနေသေးသည်ကို။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Kde žijí příběhy. Začni objevovat