အပိုင်း - ၇ : ခင်ဗျားက ကျွန်တော့်အတွက်ဂြိုဟ်ဆိုးကောင်ပဲ! (Z+Uni)

7.5K 1K 89
                                    

-Zawgyi

အပိုင်း - ၇ : ခင်ဗျားက ကျွန်တော့်အတွက်ဂြိုဟ်ဆိုးကောင်ပဲ!"ရှုံးပြန်ပြီလား..."

သူ့ပါးကို ကျွဲရိုင်းအအေးဘူးကပ်ကာ ရှေ့တွင် ခေါက်ဆွဲပြုတ်ပန်းကန်ချလာပေးသည့် အသံပိုင်ရှင်ကြောင့် ခုံပေါ်ဒူးထောင်ထိုင် ဒူးနှစ်လုံးပေါ်မေးတင်ပြီး ဘာကို စိတ်တိုလို့ တိုရမယ်မှန်းမသိသည့် ဟန်မင်းပိုင်၏ မျက်နှာသည် အသံပိုင်ရှင်ကို ရှုသိုးသိုးမော့ကြည့်လာ၏။

"ကိုလင်း..."

"အင်း..."

"အဲ့ငနဲက ဘာဆေးတွေစားလို့ class ပေါင်းစုံကို နိုင်နေရတာလဲ သူ့ class မှာလည်း ဟာကွက်ရှိနေတာကို..."

"မင်းကရော ဘာလို့သူ့ကို သွားမသတ်ရင် မနေနိုင်တာလဲ..."

"သူက မကောင်းတဲ့သူမို့ပေါ့..."

ကွန်ပျူတာခုံမှ မထချင်ထချင်ထပေးသည့် ဟန်မင်းပိုင်ကို လင်းယုဝေကြည့်သည်။ ဒီသူ့ရဲ့ တစ်ဝမ်းကွဲညီလေးသည် သူ ဆော့နေတာကိုမြင်ပြီး ထိုဂိမ်းကို စိတ်ဝင်တစားဖြစ်ကာ လိုက်ဆော့ခြင်း။ သို့သော် သူနှင့်အတူ Faction တစ်ခုတည်း မဖြစ်လာဘဲ ထိုကောင်စုတ်လေးသည် တစ်ဖက် Faction သို့ရောက်သွားသေးသည်။

ထိုကောင်လေး Level အရမ်း မများခင် သူတို့ Faction ကူးလာဖို့ သူ ခေါ်ရန် ပြင်ချိန်တွင် ထိုကောင်လေးသည် Server ၏ နာမည်ကြီး Player တစ်ယောက်နှင့် ရင်းနှီးနေခဲ့ပြီ။ အဆိုပါ Player အမည်သည် Achawlay မိန်းကလေးကာရိုက်တာ ပျော့ဖတ်နေသည်ဟု ထင်ရသည့် ထိုကာရိုက်တာသည် စစ်ပွဲတွင်တော့ ရန်သူပေါင်းများစွာ၏ အသက်ကို သိမ်းပိုက်ပြီးသည့်သူ။

လင်းယုဝေ ထိုဂိမ်းကို မကစားခင်ကတည်းက Achawlay ဆိုသည့် ထိုသူသည် Server တွင် နာမည်ကျော်ကြားဖြစ်နေပြီးသား။ ထို Player နှင့် ရင်းနှီးသွားသည်ဆိုတော့လည်း လင်းယုဝေ သူ့ညီဝမ်းကွဲလေးကို လာဖို့မပြောဖြစ်တော့။ ဂိမ်းဆော့တာ ပျော်ဖို့ဆော့တာပဲ။ သူ ပျော်ရင်လည်း ပြီးတာပဲပါ ဆိုသည့် သဘောဖြင့်သာ သူ ခပ်အေးအေး နေဖြစ်သည်။

နောက်တော့ ထိုကောင်လေးသည် အဆိုပါ Achwalay ကောင်းမှုဖြင့် ထိုဂိမ်းကို စွဲစွဲလမ်းလမ်းဆော့ဖြစ်သွားသည်။ သူ့ထက်ပင် ထိုကောင်လေးက ဂိမ်းထဲတွင် အချိန်ဖြုန်းနေသည်။ ထို့အတွက် အစ်ကိုဖြစ်သည့် လင်းယုဝေထံသို့ အဒေါ်ဖြစ်သူသည် သူ့သားကို ထိုးအပ်လာ၏။ ဆယ်တန်းဖြစ်ပြီး ဂိမ်းကို တစ်နေကုန်ဆော့နေရင် ကျမှာပေါ့ စသည်စသည်။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now