အပိုင်း - ၃၆ : နည်းဗျူဟာပြောင်းလဲခြင်း (Z+U)

4.7K 688 53
                                    

Zawgyi

"မင်း ဘာပြောစရာရှိနေတာလဲ ပြောစရာရှိတာကိုပြော!"

Program တစ်ပုဒ်ကို လက်နှင့်ချရေးနေသည့် အာကာမိုးထက်တစ်ယောက် သူ့ကို လက်ခုံပေါ်မေးတင်ရင်း စိုက်ကြည့်နေသည့် ရှင်းသန့်မောင်ကို မကျေမလည်မေးသည်။ ရှင်းသန့်မောင် သူ့ သူငယ်ချင်းဖြစ်သူကို ကြည့်ပြီး...

"Program တွေကို ချရေးရမယ်လို့ မင်း ဘယ်သူပြောလဲ..."

"စာမေးပွဲမှာ ချဖြေရတာပဲ..."

"စာမေးပွဲကျမှ ရေးပေါ့... ဘာလို့ လက်ညောင်းခံရေးနေတာလဲ..."

"မင်းရဲ့ သောက်ပါးစပ်လေးပိတ်ပြီး စာပဲလုပ်စမ်းပါ... မဟုတ်ရင်လည်း ပြောစရာရှိတာကိုပြော..."

"ငါ အခုပြောနေတာပဲကို..."

အာကာမိုးထက်တစ်ယောက် ပျင်းရွဲ့ရွဲ့ပြောနေသည့် ရှင်းသန့်မောင်ကို ထရိုက်ချင်လာသည့် မျက်လုံးများဖြင့် ကြည့်လာသည်။ ထိုအခါကျမှ ရှင်းသန့်မောင်တစ်ယောက် မျက်နှာပြုံးဖြဲဖြဲနှင့်...

"ငါ ဒီနေ့ ဟန်လေးကို သွားတွေ့လာတယ်..."

ခေါင်းပြန်ငုံ့ပြီး Program ကို ခဲတံတစ်ချောင်းဖြင့် စာရွက်လွတ်တွင်ချရေးနေရာမှ အာကာမိုးထက် လက်တို့ တုံ့ခနဲရပ်သွား၏။ ရှင်းသန့်မောင် သူ့ကို မယုံသင်္ကာမျက်လုံးများဖြင့် ပြန်ကြည့်လာသည့် အာကာမိုးထက်ကို အပြုံးတစ်ခုဖြင့်...

"ငါ သူ့ကို ဒုက္ခသွားမပေးလာပါဘူး..."

"ငါ နည်းနည်းလေးမှ မယုံပါဘူး..."

"သူ ဘာလို့ in game မှာ မရှိလဲလေးပဲ မေးခဲ့တာကို... နောက်ပြီး အရင်တစ်ခါက ငါ သူ့ကို နည်းနည်းအာရုံနောက်သလို ဖြစ်သွားတာလေးကို တောင်းပန်ခဲ့တာ... သူက တကယ်ကို ဖြောင့်တာကွ..."

အာကာမိုးထက်၏ ဖြောင့်တာက ပြောနေစရာလိုသေးလို့လား ဆိုသည့် အကြည့်ဖြင့် မျက်လုံးကို ရှင်းသန့်မောင် ရယ်ရင်းတုံ့ပြန်သည်။

"ငါ ပြောချင်တာ အဲ့ဒါကို မဟုတ်ဘူး သူ ဖြောင့်တယ်ဆိုတာက အတွေးကို ပြောတာ... သူက ဖန်ခွက်လွတ်တစ်လုံးနဲ့တူတယ်... သူ့ကို ဖြည့်တဲ့ အရည်ရဲ့ အရောင်ကို ထင်ဟပ်နိုင်တယ်... ပြောရရင် ကလေးလေးက အတော်ကို ထိန်းကျောင်းကောင်းခံရပုံပဲ..."

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now