အပိုင်း - ၂၅ : ကျွန်တော်လာမယ်လို့ ပြောခဲ့သားပဲ (Z+Uni)

5.4K 885 59
                                    

-Zawgyi

သူတို့နှစ်ဦး အပြင်တွင်တွေ့ဆုံမှုသည် ထူးခြားသည်လည်း မဟုတ်၊ မထူးခြားသည်လည်းမဟုတ်။ ရှင်းသန့်မောင်ဆိုသည့် သူ့ကို ဟန်မင်းပိုင်ဆိုသည့် ထိုကောင်လေးသည် လွယ်ကူစွာသာ ရှာတွေ့ခဲ့သည်။

ဒဂုံစင်တာ - ၂ ဒုတိယထပ်၏ အလယ်လွတ်နေသည့်နေရာတွင် ဆယ်လုံးတစ်ဖက် စက်အလုံးနှစ်ဆယ် ချထားခဲ့ပြီး ပထမထပ်တွင်တော့ စတိတ်စင်တစ်ခုရှိနေသည်။ စတိတ်စင်သည် မိန်းကလေးများနှင့် အခြားသော သူတို့၏ အာရုံရအောင်အတွက် Heroic Dynatsy ၏ ဇာတ်ကောင်များကို cosplay လုပ်ခြင်းပြိုင်ပွဲဖြစ်၏။

မြန်မာနိုင်ငံရှိ လှပသော Cosplayer များ၏ အာရုံကို စွဲဆောင်နိုင်ရန်အတွက် cosplay ပြိုင်ပွဲတွင် ဆုကြေးသတ်မှတ်ကာ Local Server ကိုယ်စားလှယ်များသည် ဥာဏ်များခဲ့သည်။

ရှင်းသန့်မောင် တခဏမျှ ကောင်မလေးချောချောလေးများကို တစ်ချက်ကြည့်ပြီးနောက် အပေါ်တက်ရန်ပြင်၏။ ထိုအချိန်တွင် မိုက်အသံမှ တစ်ဆင့် သူတို့အသင်းကို ဖိတ်ခေါ်သံထွက်လာခဲ့သည်။

"လူကြမ်းလေးများအသင်းမှ Boss Down Count Down ကို ဝင်ပြိုင်ဖို့ အသင့်နေရာယူထားပေးပါ!!"

Tournament တွင် Gamer များအတွက် အစီအစဉ်သုံးခုရှိသည်။ 10 Man Battle Ground... Boss Down Count Down နှင့် Item aution ဖြစ်၏။

10 Man Battle Ground တွင်တော့ Faction ခွဲခြားမှုရှိမနေတော့ မည်သည့် Faction ဖြစ်နေပါစေ ပြိုင်ပွဲတွင် အသင်းတစ်ခုအနေနဲ့ ထိပ်တိုက်ရင်ဆိုင်ရနိုင်သည်။ Player များသည် Item စုံလေ့မရှိသဖြင့် သူတို့သည် Level 85 နှင့်အတူ Developer Team မှ ပေးသည့် Item များကို ဝတ်ဆင်ကာ ပြိုင်ပွဲဝင်ရသည်။

Boss Down Count Down တွင်လည်း ထိုနည်းတူစွာပင်။ Player တိုင်းသည် မိမိ၏ ကိုယ်ပိုင်ကာရိုက်တာနှင့်မဟုတ်ဘဲ Developer Team မှ ညီမျှစွာစီစဉ်ပေးသည့် Item ဝတ်ဆင်ထားသည့် Character ကိုသာ အသုံးပြုပြီး ပြိုင်ပွဲဝင်ရ၏။ Boss Down Count Down ပြိုင်ပွဲသည်ကား Developer များမှ In game Boss များထဲမှ သူတို့နှစ်သက်ရာ Boss တစ်ကောင်ကို ရွေးချယ်ပြီး ဆယ်ယောက်ပါအသင်းတစ်ခုကို သတ်ခိုင်းခြင်းဖြစ်သည်။ Count Down ဟူသည့် အမည်အတိုင်း အချိန်အနည်းဆုံး သတ်နိုင်သည့် အသင်းသည် ထို Event ၏ Champion ဖြစ်သည်။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now