အပိုင်း - ၅၃ : သူက ဘာဖြစ်ချင်နေတာလဲ? (Z+U)

5.4K 869 84
                                    

Zawgyi

ဟန်မင်းပိုင်၏ ကျောင်းပြန်ဖွင့်ချိန်ရက်များက ကြပ်တည်းလှသည်။ တနလာင်္နေ့မှသောကြာနေ့မနက်ပိုင်းတွင် TU တွင်တက်။ သောကြာနေ့ နေ့တစ်ဝက်မှ ပိတ်ရက်နှစ်ရက်တွင် သင်တန်းတက်ဖြင့် သူ့ ရက်တို့သည် မသာယာ။ ကြားထဲတွင် သူနှင့်ရှင်းသန့်မောင်သည် နေ့တိုင်းနီးပါး ရန်ဖြစ်ကြ၏။ ဘာကြောင့်များ ဒီရှင်းသန့်မောင်က သူ့ကို အမြဲတွေ့နေချင်ရတာလဲ။ သူတို့ ဖုန်းပြောနေတာပဲ မဟုတ်ဘူးလား! နောက်ပြီး ဖုန်းက ဘာလို့ တစ်နေ့ကို ၉၈ ခေါက်လောက်ဆက်နေရတာလဲ!

"ကျွန်တော် အခုအတန်းသွားမလို့..."

"ဘာလို့အတန်းတိုင်းတက်နေတာလဲ..."

"အတန်းမတက်လို့ဘာလုပ်ရမှာလဲ..."

ဟန်မင်းပိုင်က ဗိုင်းကောင်းကျောက်ဖိကောင်ကလေးပီသစွာ သူလုပ်စရာရှိသည့် အလုပ်များကို လုပ်တတ်သည့် ကောင်ကလေး။ အတန်းတက်ရမည်ဆိုလျှင် သူ အတန်းမှန်အောင်တက်မည်။ အချို့သော အချိန်တွင် ကျောင်းပြေးလို့ရသည်ကို သူ သိသည်။ မပြေးဘူးတော့မဟုတ် အတတ်နိုင်ဆုံး သူ အတန်းမှန်အောင်တက်ဖြစ်သည်။ အဆင့်ကျလို့က လင်းယုဝေတစ်ယောက် သူ့ကို အသေထောင်းလိမ့်မည်။ နောက်ပြီး သူ roll ကျပါက လင်းယုဝေသည် သူ့ မူမမှန်မှုများကို သိသွားလိမ့်မည်။ ထိုအခါကျလျှင် သူ ဘာတစ်ခုမျှဖြေရှင်းတတ်မည်မဟုတ်။

"ကျောင်းဖျက်လိုက်လေ..."

"ခင်ဗျား အခု Project နဲ့ရှုပ်နေတာ မဟုတ်ဘူးလား..."

"ဒေတာကောက်ဖို့အတွက် အင်တာဗျူးက ခုနလေးတင်ပြီးသွားတယ်..."

"သြော် အဆင်ပြေလား..."

"အင်း..."

"နေ့တစ်ဝက်လောက် ကျောင်းပြေးလိုက်လေ..."

"ဟင့်အင်း ဒီနေ့ညနေပိုင်းချိန်မှာ ကျူတိုရီယယ် ချိန်ပါတယ်... ကျူတိုရီယယ်ပြီးတဲ့ အချိန်က နောက်ဆုံးချိန်... အဲ့ဒါကြောင့် အဆင်မပြေဘူး..."

"ကျူတိုရီယယ်လေး တစ်ခါမဖြေတာက မင်းအတွက်ဘာမှမထိခိုက်ပါဘူး..."

ရှင်းသန့်မောင်စကားကြောင့် ဟန်မင်းပိုင်သက်ပြင်းရှိုက်၏။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now