အပိုင်း - ၃၇ : ချဉ်းကပ်နည်းအသစ် (Z+U)

4.9K 790 47
                                    

Zawgyi

"ဟေး ကလေးလေး စာမေးပွဲဖြေနိုင်လား..."

ရှင်းသန့်မောင်ကို မြင်သည်နှင့် ဟန်မင်းပိုင် ဘာတစ်ခုမျှမဆိုခင် ထွန်းအောင်ကျော်သည် ရှင်းသန့်မောင်တစ်ယောက် ဟန်မင်းပိုင်နားမရောက်ခင် ကတည်းက အရင်ကြားဝင်ခဲ့ပြီးသားဖြစ်နေခဲ့ပြီ။ ရှင်းသန့်မောင် နှုတ်ခမ်းတစ်ချက်တွန့်သွား၏။

"မင်းရော ဖြေနိုင်လား..."

"ခင်ဗျားတို့လည်း ဖြေနေတာမဟုတ်လား..."

ထွန်းအောင်ကျော်မှ စကားမစခင် ဟန်မင်းပိုင်အရင်စကားစ၏။ သူက ထိုသူကို စကားမပြောရဲစရာအကြောင်း မရှိသေးသည်မို့ ထွန်းထွန်းက သူ့ကို အရမ်းကြီး ကာကွယ်မနေလည်း ဖြစ်ပါသည်။

"အင်း... ဒါပေမဲ့ မင်းဆီလာခဲ့တာ ဖုန်းလည်းမဆက်ချင်လို့... နောက်ပြီး ငါ ဒီဘက်လည်း လမ်းကြုံလို့..."

လမ်းကြုံတယ်ဆိုသည့် သူ့စကားကြီးကြောင့် ထွန်းအောင်ကျော် မျက်လုံးကြီးမှေးကာ ရှင်းသန့်မောင်ကို မျက်စောင်းထိုးသည်။ ဟန်မင်းပိုင်မှာတော့ သူ့သူငယ်ချင်းကို ရယ်ချင်နေတော့၏။ ထွန်းထွန်းတစ်ယောက်ဟာ တစ်ခါတစ်ခါမှာ အတော်ရယ်ရပါလား။

"အင်း ငါ့အမေရဲ့ ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်သမီးမင်္ဂလာဆောင် အဲ့ဒါ ညအိပ်လာကြရင်း အဖော်လိုက်လာတာ..."

တကယ်လည်း ဒါက အမှန်တရားတစ်ခု။ ရှင်းသန့်မောင်ဆိုသည့် သူက ထိုကောင်လေးနှင့်ပတ်သက်လာလျှင် အော်တိုဥာဏ်နည်းသွားတတ်သည်ဆိုသော်လည်း ယခုလောက်ကြီးထိတော့ ဥာဏ်မနည်းပါလေ။

"သြော်... ကျွန်တော်တို့ဖြေနိုင်ပါတယ်..."

ထွန်းအောင်ကျော်ကိုလည်း မေးခဲ့သည်မို့ ဟန်မင်းပိုင် နှစ်ယောက်ကိုယ်စား အဖြေကိုပေး၏။ ရှင်းသန့်မောင် ပြုံးကာ ထိုကောင်လေးကို ကြည့်ပြီး...

"အင်း... အဲ့ဒါဆိုငါသွားတော့မယ်..."

လှည့်ထွက်သွားသည့် ရှင်းသန့်မောင်ကို သူတို့နှစ်ဦးရပ်ကြည့်ကျန်ခဲ့သည်။ ထို့နောက် သူတို့ဖယ်ရီရှိရာသို့ ခြေလှမ်းဦးတည်၏။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now