အပိုင်း - ၄၂ : မမြင်ဘူးဆိုရင် တွေးမိတော့မှာမဟုတ်ဘူး (Z+U)

4.5K 773 70
                                    

Zawgyi

"ငါ့ရဲ့ ဆုံးဖြတ်ချက်က မှန်ရဲ့လား..."

ဟန်မင်းပိုင်သည် ခပ်တိုးတိုးရေရွတ်၏။ သူ့ဘေးတွင် ရိုးဂုဏ်နှင့်ထွန်းအောင်ကျော်သည် ရှိနေခဲ့သည်။ သူတို့သည် တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်၏။ တည့်လှသည်တော့မဟုတ်သော်လည်း သင်တန်းစတက်ကတည်းက အတူတူရှိလာကြသည်ဆိုတော့လည်း လူငယ်တို့သဘာဝ ရင်းနှီးမှုတော့ ရှိသွားကြသည်ပေါ့။ အချိန်သည်ကား ရှင်းသန့်မောင်ကို ဟန်မင်းပိုင်မှ ထပ်မတွေ့ဖို့ပြောပြီး တစ်လအကြာဖြစ်၏။ ရက်ပေါင်း ၃၁ ရက်ရှိသည့် လတစ်လကုန်လွန်ပြီးသည့်အချိန်။

"မှန်တယ်ဆိုရင် မင်း သူ့ကို ဘယ်တွေးမိတော့မှာလဲ..."

ဟန်မင်းပိုင်ကို မြင်ပြင်းကပ်စွာဖြင့် ရိုးဂုဏ်ပြောသည်။ သူ လွန်ခဲ့သည့် နှစ်ရက်ကျော်သုံးရက်လောက်မှ ဟန်မင်းပိုင်မှ ယခုလို လုပ်ခဲ့ကြောင်းသိခြင်း။ ထွန်းအောင်ကျော်ကတော့ အစောကတည်းက သိသည့်သူ။ ရိုးဂုဏ်သိသွားရသည့် အကြောင်းရင်းကလည်း ရှင်းသန့်မောင်မှ သူ့ထံဖုန်းဆက်ကာ သူ့ Member ID သက်တမ်းတိုးပေးထားကြောင်း ပြောသည့်အချိန်။ 'ကိုရှင်းသန့်' ဟု သူခေါ်လိုက်ချိန်တွင် ဟန်မင်းပိုင်တစ်ယောက် ကျောက်ရုပ်တစ်ရုပ်လို တောင့်တင်းသွားသည်ကို သူ သတိထားလိုက်မိရာမှ စတင်ခြင်း။

သူ့အဖြေကြောင့် ထွန်းအောင်ကျော်သည် မျက်လုံးပြူးကြီးဖြင့် သူ့ကို ကြည့်သည်။ ရိုးဂုဏ်မျက်နှာလေးကို ချီမော့၏။ သူ ဒီထွန်းအောင်ကျော်ဆိုတဲ့ သကောင့်သားကို နည်းနည်းလေးမှ ကြည့်လို့မရပါဘူးနော်။ ဘယ်လိုကောင်မျိုးမှန်းမသိ။

"မင်းစိတ်ထဲမှာ သူ ရှိနေတာပဲ..."

ရိုးဂုဏ်သည် စကားတို့ထိုးစစ်ဆင်၏။ ထိုကိစ္စနှင့်ပတ်သက်ပြီး ဝင်ပါဖို့ စိတ်ကူး သူ့တွင်လုံးဝမရှိ။ ဟန်မင်းပိုင်နှင့်ရှင်းသန့်မောင် ဝေးကွာခြင်းက သူ့အတွက်တော့ အခွင့်အရေးတစ်ခုပင်။ သူ ရှင်းသန့်မောင်ကို ကြင်နာပေးနိုင်သည်။ ဟန်မင်းပိုင်ပေးသည့် ဒဏ်ရာများကို သူ့ကိုယ်သူ ထိခိုက်ခံပြီး ကုစားပေးနိုင်သည်။ ထို့အတွက် ဟန်မင်းပိုင်ကိစ္စမြန်မြန်ပြတ်သွားရန်လိုသည်။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Onde histórias criam vida. Descubra agora