အပိုင်း - ၄၈ : Netflix and Chill (Z+U)

5.6K 855 77
                                    

Zawgyi

"လာလေ..."

ရှင်းသန့်မောင်တစ်ယောက် အနောက်မှ တွန့်ဆုတ်ဆုတ်ဖြစ်နေသည့် ဟန်မင်းပိုင်ကို ရယ်ချင်နေသည့် မျက်နှာဖြင့် ခေါ်၏။ သွားတုန်းကသွားဆိုပြီး ကိုယ်တော်ချောက အခုမှ ကြောက်နေသည်။ သူတို့က ဘယ်မှသွားတာလည်းမဟုတ် Mini Cinema ဟု အလွယ်ခေါ်သည့် Private Cinema ဆီသို့ သွားသည်ပဲကို။
Mini Cinema သို့မဟုတ် Private Cinema တို့သည် KTV ကဲ့သို့ အခန်းငယ်လေးများဖြစ်ကာ မွေ့ယာကဲ့သို့ နှစ်ယောက်အိပ် သို့မဟုတ် သုံးယောက်အိပ် ဆိုဖာတစ်လုံးရှိ၍ အထဲတွင် DVD စက်တစ်လုံးနှင့် Projector တစ်လုံးရှိသည်။ မိမိနှစ်သက်ရာအခွေကို ကောင်တာတွင် ငှားရမ်းပြီး ကြည့်ရှုလိုသူတို့သည် ကြည့်ရှုနိုင်သည်။ သာယာသည့် အချစ်အသိုက်အမြုံလေးကို အချိန်ပိုင်းအတွင်း ဖန်တီး၍လည်းရသည်ပေါ့။

"မင်းပဲ ဒီသွားမယ်ဆို..."

ဟန်မင်းပိုင်၏ တွန့်ဆုတ်နေမှုကို ကြည့်ပြီး ရှင်းသန့်မောင် ရယ်ချင်စိတ်ကို မအောင့်ထားချင်တော့။

"ဘာတွေ တွေးနေတာလဲ..."

ဟန်မင်းပိုင်၏ မျက်လုံးလေးများက အခန်းတစ်ခုမှ ထွက်လာသည့် စုံတွဲတစ်တွဲကိုကြည့်ပြီး အကြည့်လွှဲ၏။ ထိုကောင်လေးသည် ခြေဖျားလက်ဖျားများ အေးစက်နေလောက်သည်ဟု ရှင်းသန့်မောင်တွေးကာ ပို၍ ရယ်ချင်နေတော့သည်။ သူသည်လည်း ခြေဖျားလက်ဖျားများ အေးနေတာပါပဲ။ ဟန်မင်းပိုင်က ရုတ်တရက်ကြီး သဘောတူလာလိမ့်မည်ဟု သူမှ မထင်ထားတာ။

"မိနစ် ကိုးဆယ်လေးအတွင်း ကိုယ်က ဘာလုပ်နိုင်မှာမို့လဲ..."

ထိုကောင်လေး၏ နားအနားကပ်ကာ သူ တိုးသဲ့သဲ့ပြောတော့ ကြောက်နေသည့် မျက်နှာသည် ပိုဖွေးသွားတော့သည်။ ဟန်မင်းပိုင်၏ မျက်စောင်းရွယ်လာမှုကြောင့် သူ ရယ်တော့မလိုဖြစ်နေချိန်တွင်...

"ငရှင်း ဘာလာလုပ်တာလဲ..."

"ရုပ်ရှင်လာကြည့်တာ..."

နှုတ်ဆက်လာသူ၏ မျက်လုံးများက သူ့ထံရောက်သွားတော့ ဟန်မင်းပိုင်တစ်ယောက် သူ့ ကျောပိုးအိတ်ကြိုးလေးကိုကျစ်ကျစ်ပါအောင် ဆုပ်မိသည်။ ရှင်းသန့်မောင်ကတော့ ဟန်မင်းပိုင်၏ မသက်မသာဖြစ်နေမှုကို ချစ်စနိုးကြည့်ကာ...

The Little straight guy is so cute that I can't help but bent him. [OwnCreation]Donde viven las historias. Descúbrelo ahora