အပိုင်း - ၆၁ : ငါတို့ ဘာတွေဆက်ဖြစ်ကြမှာလဲ... (Z+U)

5.4K 806 65
                                    

Zawgyi

ထိုကောင်လေးပြန်သွားသည့်တိုင် ရှင်းသန့်မောင်သည် သူ့ကိုယ်သူ အိပ်မက်မက်နေသူတစ်ယောက်လို ခံစားနေရတုန်း။ ထိုကောင်လေးသည် သူ့ကိုချစ်သည်။ ကွဲပြားသည့်ချစ်ခြင်းဖြစ်သော်လည်း ထိုကောင်လေးသည် သူ့ကိုချစ်သည်ဟု ဆိုခဲ့သည်။ ဒါဆို သူ ထိုကောင်လေးကို တွန်းပို့မည့် အစီအစဉ်တို့က လိုအပ်ပါသေးရဲ့လား။

ဆိုင်ရှိကောင်လေးသုံးဦးကို ညှိနှိုင်းထားမှုကို ပြန်သုံးသပ်ရင်း သူ မျက်လုံးများကို မှိတ်၏။ ဟင့်အင်း သူ ချန်ထားရမည့် ဝှက်ဖဲများသည် များလေကောင်းလေ။ သူ တစ်ကွေ့ကွေ့တွင် ထုတ်သုံးဖို့ လုပ်အပ်မှာတော့ အသေအချာပင်။

"ဘာတွေ သူခိုးကျင့်သူခိုးကြံ ကျန်နေတာလဲ..."

အိမ်ထဲဝင်ဝင်လာချင်း နှုတ်ခမ်းခွာကာ ဆင်ကြံကြံနေပုံရသည့် ရှင်းသန့်မောင်ကို အာကာမိုးထက် အငေါ်တူးသည်။

"မင်း အိမ်မပြန်သေးဘူးလား..."

"ငါ မပြန်ချင်ပါဘူးဆိုနေ... ငါ့ရဲ့ ကောင်းနေတဲ့စိတ်အခြေအနေလေးကို မင်းအာရုံလာမနောက်စမ်းပါနဲ့..."

"ငါ့အိမ်မှာလည်းနေနေသေးတယ်..."

"ငါလည်း တစ်ဝက်ဆိုင်တယ်..."

"ပိုက်ဆံအကုန်မပေးနိုင်သေးဘဲ ငါ့ကို မပြောစမ်းနဲ့..."

"ငါ ဟန်မင်းပိုင်ကို လျှော့တွက်မိပုံပဲ..."

အဝတ်လဲရန် အခန်းထဲဝင်သွားသည့် အာကာမိုးထက်နောက်မှလိုက် အာကာမိုးထက်၏ အိပ်ယာထက်တွင် ခပ်တည်တည်တက်ထိုင်ရင်း ရှင်းသန့်မောင်ပြောသည်။ အာကာမိုးထက်ကတော့ ထိုအကောင်ကို ဂရုစိုက်မနေတော့ဘဲ ချွတ်စရာရှိသည်ချွတ် ဝတ်စရာရှိသည်သာ ကောက်ဝတ်နေတော့သည်။

"ဒီကောင်လေးက တကယ်ကို အတ္တအိုးလေး... ဒါပေမဲ့ ကောင်းပါတယ်... ငါလို အကျင့်မကောင်းတဲ့ ကောင်က အဲ့လိုမျိုးလေးနဲ့လိုက်ဖက်တာပေါ့..."

"မင်းဘာသာ အဆင်ပြေနေလည်း ပြီးတာပဲ... ငါ ထမင်းစားတော့မလို့ မင်းရော စားဦးမှာလား..."

"ငါ ဟင်းနွှေးထားတယ်... မင်းက အမြဲတမ်း ဟင်းအေးအေးကြီးတွေနဲ့ပဲစားလို့... ပူပူနွေးနွေးစားစမ်းပါကွာ... ဟင်းလေးနွှေးတာ ဘာမှလည်းပင်ပန်းတဲ့ ကိစ္စကြီးတစ်ခုလည်း မဟုတ်ဘဲနဲ့..."

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now