အပိုင်း - ၄ : အချစ်စမ်းကြပြန်ပြီလား။(Z+Uni)

10.9K 1.1K 177
                                    

-Zawgyi


"အား ဘယ်ကောင်က ငါ့ပုံကြီးကို ဖိုရမ်မှာ တင်တာတုန်း..."

လက်ထဲတွင် ဖုန်းကိုပွတ်ကာ အအေးပိုက်ကိုကိုက် Server Announcement နှင့်ပတ်သက်သည့် သတင်းများဖတ်ရန် သူတို့ Game Site ထဲအဝင် တက်လာသည့် ပုံက ပါးစပ်ထဲမှ အအေးပင်သီးမတတ်။

"ပြစမ်းပါဦး..."

မိန်းကလေးလက်လေးမှ သူ့ဖုန်းကို လုသွားကာ ပုံကို အသေးစိတ်ထောက်ကာ ချဲ့ကြည့်ပြီးနောက် မယ်မင်းကြီးမသည် ခုံပေါ်တွင် ခေါင်းမှောက်ကာ တဟားဟားရယ်တော့သည်။ ခေါင်းမှောက်နေခြင်းကြောင့် သူမ၏ ရယ်သံက အကျယ်ကြီးမထွက်ခဲ့။ မဟုတ်လျှင် မိန်းကလေးတန်မဲ့ ကန်တင်းတွင် ရယ်သံကြီးက ဝါးလုံးကွဲအောင်ထွက်လာဦးမည်။

"ဟဲ့ အာကာ ကြည့်စမ်းပါဦး..."

ရယ်ရလွန်း၍ မျက်လုံးတွင် မျက်ရည်တို့ဝေ့ကာ မျက်နှာပင်နီနေသည့် အနှီမိန်းကလေးသည် သူမ လက်ထဲမှ ဖုန်းကို ဘေးတွင်ထိုင်နေသည့် ကောင်လေးထံကမ်းပေး၏။ ချောင်ထဲတွင် ထိုင်နေသည့် ရှင်းသန့်မောင်ကို သူ မျက်စောင်းတစ်ချက်ထိုးကာ ဖုန်းထိုးပေးလာသည့် သွန်းနှင်းဆု လက်ထဲမှ ရှင်းသန့်မောင် ဖုန်းကို သူ ယူသည်။ တက်လာသည့် ပုံက သူ့ပါးစပ်ထဲ ထိုးထည့်နေသည့် ဝက်အူချောင်းကို ထမင်းကြော်ပန်းကန်ထဲ ပြန်ပြုတ်ကျသွားစေသည်။

"သောက်ရှက်တော့ ကွဲတာပဲ... အဟွတ်ဟွတ်... ရှက်တာကွာ ငါတို့ ဂိုဏ်းနာမည်ကြီးနဲ့..."

အာကာမိုးထက် ပြောရင်းဆိုရင်းသီးသွားသဖြင့် ရေကို သောက်ကာ ရှင်းသန့်မောင်ကို မျက်ထောင့်ကပ်ကြည့်၏။

တက်လာသည့် ပုံတွင်ကား Bloodelf ကောင်မလေးကာရိုက်တာသည် Two Piece လေးဖြင့် ဝတ်စုံပြည့် Human ကောင်လေးတစ်ယောက်ရှေ့တွင်ရပ်နေသည့်ပုံ။ ကာရိုက်တာနှစ်ယောက်၏ ခေါင်းပေါ်မှ အစိမ်းရောင်စာလုံးများနှင့် နာမည်များက အထင်းသား။ Bloodelf ကောင်မလေး၏ ခေါင်းထက်မှ အမည်ကား Achawlay၊ Human ကောင်လေး၏ ခေါင်းထက်မှ အမည်ကား ...Little_wolf။

"မင်းကဖြင့် ငါတို့ဂိုဏ်းက ထွက်ထားပြီးတော့... မင်းနဲ့ငါတို့ လူကြမ်းလေးများနဲ့သက်ဆိုင်လို့လား..."

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now