အပိုင်း - ၄၁ : မှန်ကန်တယ်လို့ ယူဆရတဲ့ ခွဲခွာမှု။ (Z+U)

4.5K 795 48
                                    

Zawgyi

"ဖာခ့်!"

မမြင်ချင်ဆုံးမျက်နှာကို တွေ့လိုက်ချိန်တွင် ထွန်းအောင်ကျော်မျက်နှာသည် ရှုံ့တွသွား၏။ ကံတရားကို သူ ဖားခရုဟု ကျိန်ဆဲချင်စိတ်ကို ထိန်းချုပ်ကာ မျက်နှာပုတ်ကလေးဖြင့်သာ အရှေ့မှ သူ့ထက်အသက်ကြီးသူနှစ်ဦးကို ကြည့်လိုက်ရှာသည်။ ဟန်မင်းပိုင်ကတော့ မျက်နှာသေဖြင့်သာ သူ့ကို ပြုံးပြလာသူကို ကြည့်၏။ ထိုသူနှင့်ပါလာသည့် သူကတော့ သူ့ကို တစ်ချက်သာကြည့်ပြီးနောက် မိမိနှင့်မဆိုင်သလိုသာ ရပ်နေခဲ့သည်။

"တိုက်ဆိုင်တာပဲ..."

ရှင်းသန့်မောင်စကားကို ထွန်းအောင်ကျော်သည် ကုန်တိုက်မှာတွေ့ တိုက်ဆိုင်ရအောင် ဒါက မအေးအေးဝင်းဖန်တီးတာလား ခင်ဗျားဖန်တီးတာလားဟုပင် မေးလိုက်ချင်သည်။ ဟန်မင်းပိုင်သည် အပြုံးတစ်ခုဖြင့်သာ...

"အင်း... ကျွန်တော်တို့က ပြီးသွားပြီမို့ ပြန်တော့မလို့..."

စကားမရှည်ချင်သဖြင့် သူ နှုတ်ဆက်သည်။ မျက်နှာပြောင်သူ တစ်စုံတစ်ဦးမှာတော့...

"ကိုယ်တို့လည်း ပြီးသွားပြီ ပြန်မလို့ပဲ..."

ဟန်မင်းပိုင် မျက်ခုံးပင့်သည်။ အာကာမိုးထက်သည်လည်း ရှင်းသန့်မောင်ကို ဂြိုဟ်ကြည့်ကြည့်သည်။ သူ့ဒံပေါက်ဘယ်မှာလဲ ဒံပေါက်ကထားပါဦး ဒံပေါက်အစားအရင်ကျွေးမဲ့ဟာက ဘယ်မှာလဲ သူတို့အခုမှ ကန်တင်းကိုရောက်လာတာပါနော်။

"သြော် အင်း... အဲ့ဒါဆို ပြန်လေ..."

လမ်းမတူသည်မို့ ဟန်မင်းပိုင်နှုတ်ဆက်သည်။ နည်းနည်းလေးမှ အခွင့်အရေးမရမှုကြောင့် ရှင်းသန့်မောင် ဘာဆက်ပြောရမှန်းမသိတော့။ အတူပြန်ရအောင်လို့ပြောရအောင်လည်း လမ်းကမှ မတူတာ။ အာကာမိုးထက်သည် ရှင်းသန့်မောင်ကို မျက်ထောင့်ကပ်ကြည့်ကာ ဟန်မင်းပိုင်ကို ကြည့်၏။ ထိုကောင်လေးနှင့်တွေ့သည်နှင့် ခေါင်းထဲမှ ဘာတစ်ခုမျှထွက်မလာတော့သည် ကောင်ကိုသက်ပြင်းရှိုက်ရင်း...

"မင်း ငါနဲ့ ခဏလိုက်ခဲ့ပေး..."

"အမ်..."

ထွန်းအောင်ကျော် သူ့ကိုယ်သူ လက်ညှိုးထိုး၏။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Wo Geschichten leben. Entdecke jetzt