အပိုင်း - ၅၅ : အချိုးမပြေတဲ့ ငချောကောင်က သူ့ရဲ့ဘဲဖြစ်တာမို့။ (Z+U)

5.3K 889 46
                                    

Zawgyi

ရှားရှားပါးပါး အတန်းမရှိဟုဆိုကာ ဂိမ်းဆိုင်သို့ရောက်ချလာသည့် ဟန်မင်းပိုင်ကို ရှင်းသန့်မောင်ကြည့်သည်။

"အနောက်နှစ်ချိန်ဆက်ဝင်ရမဲ့ဆရာမက ဒီနေ့မရှိလို့..."

အစကတည်းက ရှင်းသန့်မောင်နှင့်ဟန်မင်းပိုင် နှစ်ဦးသားသည် ဘာမှန်းမသိအကြောင်းရင်းဖြင့် မခွာပြဲခင်ကတည်းက ရင်းနှီးနေသူများမို့ ဟန်မင်းပိုင်လာသည့် ကိစ္စနှင့်ပတ်သက်ပြီး မည်သူမျှ သိပ်ပြီးထူးဆန်းသည်ဟု ခံစားမနေရ။ ရှင်းသန့်မောင်သည် ကောင်တာစက်တွင် ထိုင်နေရင်းမှ ပြုံးပြလာကာ...

"ဟေ့ကောင် ကောင်တာလာထိုင်... ငါ ဂိမ်းဆော့ဦးမယ်..."

အခြားသော တာဝန်ကျ GM ကောင်လေးကို ကောင်တာစက်လွှဲကာ သူ ဟန်မင်းပိုင်၏ စက်ဘေးတွင် ထိုင်၏။ ဒေါင့်အကျဆုံး နှစ်လုံးတွဲစက်သာ အားသည်မို့ သူ အကျေနပ်ကြီးကျေနပ်နေတော့သည်။

"အဲ့ဒီတော့ ဒီကို ပြေးလာတယ်ပေါ့..."

ဟန်မင်းပိုင်ဘက်သို့ ခေါင်းယိမ်းရင်း သူ ခပ်တိုးတိုးမေးသည်။

"ခင်ဗျားပဲ တွေ့ချင်တယ်ဆို..."

ရန်ဖြစ်ပြီးချိန်တွင် သူတို့နှစ်ဦးမတွေ့လိုက်ရမှုကြောင့် ဟန်မင်းပိုင်တစ်ယောက် အတန်းမရှိဘူးဆိုသည်နှင့် အရင်ဆုံးသတိရမိသူက ရှင်းသန့်မောင်။ ထွန်းအောင်ကျော်၏ ဘယ်သွားမလို့လဲဆိုသည့် စကားကိုပင် မဖြေဘဲ နီးရာ Taxi လှမ်းတားကာ ထွက်လာသည့် သူ။

<PM> Insane : သေသင့်တဲ့ကောင်...

<PM> Fearless : အဟဲ...

<PM> Insane : မင်းကတော့ မင်းအစ်ကိုလုပ်တာ ခံရတော့မယ်...

<PM> Fearless : ကိုလင်းက အခုတလော သိပ်မှမအားဘဲ...

<PM> Insane : အေး... အေး ပြောထား... ပြီးမှ ထွန်းထွန်းရေ ဆို ငါ မကူဘူး...

ထွန်းအောင်ကျော်၏ စိတ်ကောက်နေမှုကြီးကို ဟန်မင်းပိုင် ရယ်သည်။

<PM> Fearless : မင်းက အတန်းမရှိတာကို မင်းစော်နဲ့သွားမတွေ့ဘူးလား...

ထွန်းအောင်ကျော်ဘက်မှ တော်တော်နဲ့စာပြန်မရိုက်လာ။

"ဒါက cheating လုပ်နေတာပေါ့... ကိုယ့်ရဲ့ဘဲဆီလာပြီး တခြားကောင်လေးနဲ့ chat နေတာ..."

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now