အပိုင်း - ၄၄ : တင်ချင်တဲ့အရောင်တင်လို့ရတဲ့ကောင်လေး။(Z+U)

4.6K 767 25
                                    

Zawgyi

"ဘာ... မင်းက တကယ်ကို ကျက်သတုံးပဲ..."

ဟန်မင်းပိုင်တစ်ယောက် ထွန်းအောင်ကျော်ကို ဖုန်းထဲတွင် ဆဲရေးနေတော့၏။ ဘာကြောင့်များ ဒီကောင်စုတ်က သင်တန်းပျက်ပြီး ကောင်မလေးနဲ့ရုပ်ရှင်သွားကြည့်မည်တဲ့လဲ။

"နားလည်စမ်းပါကွာ... မင်းအဖေက မင်းလို FA မဟုတ်ဘူးကွ..."

ထွန်းအောင်ကျော်၏ ခပ်မြူးမြူးပြောသည့် အသံက မျက်ခွက်ကို ဖနောင့်နဲ့တက်ပေါက်ချင်စဖွယ်။ ဟန်မင်းပိုင် မျက်လုံးလှန်ကာသာ ထွန်းအောင်ကျော်၏ စကားကို တစ်ဖက်သူ မမြင်မှန်းသိသိကြီးနှင့် အမူအရာဖြင့် ပြသည်။

"အေး မင်းအဖေငါ့ဆီကိုသာ ဆော်ကရစ်ပြန်ပြီဆိုပြီး လာမညည်းနဲ့..."

အဖေချင်းထပ်ပြောပြီးနောက် သူပါ ကျောင်းပြေးလျှင်ကောင်းမလား ဟန်မင်းပိုင်စဉ်းစားလိုက်သေးသည်။ တက်ရသည်မှ သောကြာ၊စနေ၊တနင်္ဂနွေလေးကို တစ်ရက်မတက်လိုက်သည်နှင့် လွတ်သွားမည့်စာက နည်းနည်းနောနောမဟုတ်။ ကျောင်းခေါ်ချိန်ကိစ္စကို သိပ်စိတ်ပူစရာမရှိပေမဲ့လည်း စာလွတ်သွားလျှင်က ခေါင်းကိုက်ရမည့်ကိစ္စ။

အစ်ကိုဖြစ်သူ အားကိုးရှိသည်ဆိုပေမဲ့လည်း သူ သင်တန်းလစ်သည့် ကိစ္စကို လင်းယုဝေတစ်ယောက် သိလျှင် ဆူကောင်းဆူနိုင်သည်ရော၊ ကျောင်းလစ်လျှင်လည်း ထွန်းအောင်ကျော်လို ချိန်းတွေ့ရမည့်သူ မရှိသဖြင့် သူ တတ်နိုင်သည်က စူပုတ်ပုတ်မျက်နှာဖြင့်သာ သင်တန်းသို့ လာရုံအပြင် မရှိခဲ့။ နောက်ပြီး သူပါ သင်တန်းလစ်လျှင် ရိုးဂုဏ်တစ်ယောက်တည်း ဖြစ်နေလောက်သည်မဟုတ်လား။

သူတစ်ပါးကို အားနာခြင်းနှင့်အခြားသူများကို တွေးပေးခြင်းသည် မိမိကိုပါ ထိခိုက်စေနိုင်ခြင်းကို ဟန်မင်းပိုင်တစ်ယောက် ထိုအချိန်က နားမလည်သေး။ နားလည်သွားသည့်အချိန်တွင်လျှင် သူ့ရဲ့ ရိုးရှင်းသော အကျင့်စရိုက်လေးအရ သူက သြော် ဟုဆိုကာသာ ခွင့်လွှတ်လိုက်သည့်သူ။

"မင်း တစ်ယောက်တည်းလား..."

သင်တန်းသို့ တစ်ယောက်တည်းပေါက်ချလာသည့် ဟန်မင်းပိုင်ကို ရိုးဂုဏ် အံ့သြတကြီးဆိုသည်။ အမြဲတမ်း သမီးလေးကို လိုက်စောင့်ရှောက်နေသည့် အဖေကြီးမပါလာတော့လည်း တစ်ခုခုလိုနေသလို။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Место, где живут истории. Откройте их для себя