အပိုင်း - ၆၆ : ကျွန်တော့်ကိုတာဝန်ယူနိုင်မှာ ခင်ဗျားတစ်ယောက်ပဲရှိတယ် (Z+U)

14.7K 1.1K 175
                                    

Zawgyi

ဟန်မင်းပိုင်ဆိုသည့် ထိုကောင်လေးသည် ရှင်းသန့်မောင်ကို ဘယ်သောအခါမှ ငြင်းဆန်နိုင်သည့် ကောင်လေးတစ်ယောက်မဟုတ်။ ခရီးသည်လည်း သူတို့ကျောင်းသားချင်းသာ ထွက်လာသည့် ခရီးပေမို့ သူ့ ကောင်လေးအိမ်သို့ ထိုညအတူလိုက်သွားမည်ဖြစ်ကြောင်း ဟန်မင်းပိုင်ဆိုသည်။ တစ်ဖက်မှ ကျယ်လောင်စွာ အော်ဟစ်နေသည့် သကောင့်သားများကြောင့် ဟန်မင်းပိုင် ဖုန်းနှင့်နားကို ခွာ၏။

သူက Mechanical Engineering ကျောင်းသားတစ်ယောက်။ ကျောင်းနားချိန်တွင် သူငယ်ချင်းများနှင့်အတူ ဂျပန်မြေသို့လာရောက်လာပတ်ရန် ဆုံးဖြတ်ခဲ့သည်။ အစပိုင်း Exchange Programe တွင် ပါဝင်ရန်စဉ်းစားသော်လည်း ကျောင်းနှင့်ဆိုလျှင် ထိုသူနှင့်တွေ့ရန် အဆင်မပြေသည်မို့ သူ အခွင့်အရေးကိုသာ စောင့်ခဲ့၏။

ကျောင်းတွင် အာရှအနွယ်ဖွားဖြစ်သည့် သူ့ကို အနောက်တိုင်းသူအချို့ရော၊ အနောက်တိုင်းသားအချို့ပါ ရင်းနှီးရန်ကြိုးစားခဲ့ကြသော်လည်း သုံးနှစ်တာကာလတွင် ဟန်မင်းပိုင်သည် အခြားသူတစ်ဦးကို နေရာမပေးခဲ့။ သူ ပိုင်ဆိုင်လိုသူက ရှင်းသန့်မောင်ဆိုသည့် အကျင့်မကောင်းသည့်ကောင်တစ်ကောင်သာဖြစ်သည်။ ထိုသူမှလွဲ၍ သူ အခြားသူတစ်ယောက်ကိုမှ မလိုချင်။

အော်မနေဖို့ပြောကာ ဟန်မင်းပိုင်ဖုန်းကို ချ၏။ သူ ဖုန်းအချ မီးဖိုခန်းထဲမှ ပြန်ထွက်လာသည့် ရှင်းသန့်မောင်။ လက်ထဲတွင်တော့ ကော်ဖီခွက်ကလေးနှစ်ခွက်ဖြင့်။

"တော်သေးတယ်... ဒီရာသီက သိပ်မပူလို့..."

"အင်း..."

ဟန်မင်းပိုင်သည် သူ အမြဲတမ်းပြန်တွေ့ချင်နေသည့် မျက်နှာပိုင်ရှင်ကို စူးစိုက်ကာကြည့်သည်။ သူ့ကို အသေအချာစိုက်ကြည့်နေသည့် ဟန်မင်းပိုင်ကြောင့် ရှင်းသန့်မောင် မနေတတ်ဖြစ်ရကာဖြင့်...

"ဘာလဲ ကိုယ်က အရမ်းချောလာလို့လား..."

"အင်း အမှန်ပဲ... ခင်ဗျားနားမှာလည်း အဖျက်ပိုးတွေ ပိုများလာသလိုပဲ..."

ဟန်မင်းပိုင်သည် ထရပ်ကာ ရှင်းသန့်မောင်လက်ထဲမှ ကော်ဖီခွက်ကိုလှမ်းယူသည်။

The Little straight guy is so cute that I can't help but bent him. [OwnCreation]Where stories live. Discover now